Apr 22, 2025
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေး ငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အဆိုပါ ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း ဝန်ကြီးဌာနများရှိ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် ဘောဂသိဒ္ဓိရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ညဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက်များနှင့် ရေဆင်းတက္ကသိုလ် နယ်မြေတို့တွင်နေထိုင်သော ဝန်ထမ်းမိသားစုများနှင့် ပြည်သူများသို့ ရေချိုငါးတန်ငါးများကို သက်သာသောနှုန်းထား တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ နှုန်းဖြင့် ယနေ့နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ငါးလုပ်ငန်းဦးစီးဌာန အရာထမ်း၊ အမှုထမ်းများက စုစုပေါင်းငါးပိဿာချိန် ၅၇၄ ပိဿာရောင်းချပေးခဲ့သည်။
Apr 22, 2025
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၂၅) (၁၃၈၆ ခုနှစ် ပြာသိုလဆန်း ၆ ရက်) ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက် ရက်စွဲဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရာတွင် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ခံခဲ့ရသည့် နီပေါနိုင်ငံကတ္တမန္ဒူး မြို့ရှိ DhamKirti Vihar ကျောင်းတိုက်ဦးစီး သီလရှင်ဆရာကြီး ဒေါ်သုဓမ္မဝတီထံသို့ နိုင်ငံတော်အစိုးရကိုယ်စား နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်က ယနေ့တွင်သွားရောက် ဆက်ကပ်လှူဒါန်း သည်။
Apr 22, 2025
မတ် ၂၈ ရက်က မြန်မာနိုင်ငံ ပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ပြင်း မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများ အတွက်ပြည်တွင်း၊ ပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများ လှူဒါန်းလျက်ရှိသည်။
Apr 22, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ပညာရေးဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ နေထိုင်ရန်နှစ်ခန်းတွဲ Basha အဆောက်အအုံများ ဆောက်လုပ်မည့် မြေနေရာသို့ သွားရောက်၍ မြေညှိရှင်းလင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Apr 22, 2025
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် တောင်ဖီလာဒေသတွင် တည်ရှိသည့် Max Cement တောင်ဖီလာဘိလပ် မြေစက်ရုံက ငလျင်ဘေးသင့်ခဲ့သော ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ငလျင်ဘေးသင့်ဒေသများ အမြန်ဆုံး ပြည်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် တစ်နေ့လျှင် ဘိလပ်မြေတန် ၁၅၀၀ မှ တန် ၁၈၀၀ အထိ ပုံမှန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Apr 22, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်စက်မှုနယ်မြေရှိ သံတော်မြတ်ကုမ္ပဏီလီမိတက်၏ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံသို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံက ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့မှုအခြေအနေ၊ စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် စစ်ဆေးပြုပြင်မှုများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အဆိုပါ ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ များစွာလိုအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ၊ သံ/သံမဏိ စက်ရုံများ၊ အမိုး၊ အမိုးပြားစက်ရုံများ၊ အထပ်သားစက်ရုံများ၊ အုတ်စက်ရုံများ စက်စွမ်းအားပြည့် ပြန်လည်လည်ပတ်နိုင်ရေးအတွက်လိုအပ်ချက်များကို ကူညီဖြည့်ဆည်း ပံ့ပိုးဆောင် ရွက်ပေးရန် လမ်းညွှန်မှုပြုထားကြောင်း၊ ထို့ကြောင့် စက်ရုံ၏ ထိခိုက်ပျက်စီးမှုများနှင့် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ စက်ရုံအား အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောင်ရွက်ခြင်းသည် ပြည်သူများ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးရေးအတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်းတင်ပြစေလိုကြောင်း လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်း ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုနှင့် စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Apr 22, 2025
နေပြည်တော်ကောင်စီနယ်မြေ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု လျော့ကျခြင်းမရှိစေရန်နှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဆည်ရေသောက်လယ်များသို့ အချိန်တိုအတွင်း စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဆင်သေဆည်ရေ သောက်စနစ်ရှိ လက်ဝဲမြောင်းမှ နွေသီးနှံများအတွက် စိုက်ပျိုးရေ ပြန်လည်ပေးဝေနိုင်ရန် ပင်မမြောင်းအတွင်းသို့ ရေစတင်ထည့်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
Apr 22, 2025
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် အလျင်အမြန်စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းနှင့် ပြည်ပမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဖိတ်ခေါ်လမ်းဖွင့်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ငလျင်ဒဏ်သင့်ပြည်သူများထံ နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မတ် ၂၉ ရက် ညပိုင်းမှ စတင်၍ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်သီလဝါ ဆိပ်ကမ်းတို့သို့ ရောက်ရှိလာခဲ့သည်။
Apr 22, 2025
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့်ခဲ့သည့် ပျက်စီးမှုအနည်းငယ်ရှိသော အပြာရောင်အဆင့်ရှိ တိုက်အမှတ် ၁၁၁၂၊ တိုက်အမှတ် ၂၃၁၀၄၊ တိုက်အမှတ် ၃၃၁၁၃ တို့သို့သွားရောက်၍ အပေါ်ယံအင်္ဂတေ ကွာကျမှုအခြေအနေများ၊ အသေးစားပြန်လည် ပြင်ဆင်ရန်လိုအပ်မှုအခြေအနေများ၊ လျှပ်စစ်မီးရရှိမှု၊ ရေရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုင်စင်ရအင်ဂျင်နီယာဖြင့် စနစ်တကျစစ်ဆေးပြုပြင်မှုများ အမြန်ဆောင်ရွက်ရန်၊ လျှပ်စစ်မီးမရရှိသေး သည့် တိုက်အမှတ် ၂၃၁၀၄ တွင် လျှပ်စစ်မီးရရှိရေး၊ ရေမရရှိသေးသည့်တိုက်များသို့ ရေကားများဖြင့် ရေဖြန့်ဝေပေးရေးတို့ကို အမြန်စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
Apr 22, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးတို့သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးအနီး ထိန်းသိမ်းဧရိယာ၌ ငလျင်ဒဏ်သင့်ဝန်ထမ်း အိမ်ထောင်သည် ၁၀၈ ဦးနှင့် ယင်းတို့၏ မိသားစုဝင် ၁၅၂ ဦး၊ လူပျို/အပျို ၇၂ ဦး စုစုပေါင်းဝန်ထမ်း ၁၈၀ တို့ ယာယီနေထိုင်ရန် ယာယီဘာရှာ အဆောက်အအုံများ ဆောက်လုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Apr 22, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အဆောက်အအုံ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများ၊ မြေငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးရုံးတို့မှ ဝန်ထမ်းမိသားစုများအတွက် ယာယီပြောင်းရွှေ့ နေရာချထားပေးမှု အခြေအနေများအား ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက် ညနေပိုင်းတွင်လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
Apr 22, 2025
ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ထိုသို့တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်းလိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိသည်။
Apr 21, 2025
ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံတိုင်းရင်း သားပြည်သူများ တက်ရောက်ကြသည်။
Apr 21, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Apr 21, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ရုံးအမှတ် (၁၉) ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသားလမ်းနှင့် မြေထိန်းနံရံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Apr 21, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 21, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သည့် ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်နှင့် မြို့ကြီးအချို့တွင် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။
Apr 21, 2025
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးခြင်းနှင့် ကြီးမားစွာထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ယာယီတည်းခိုရေးစခန်းများကို တည်ဆောက်ဖွင့်လှစ်ပြီး နေရာချထားပေးလျက်ရှိသည်။
Apr 21, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး) သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ပင်မသုံးထပ်ဆောင် Lobby ဧရိယာ အရှေ့ဘက်နှင့် အနောက်ဘက်၊ ပင်မသုံးထပ်ဆောင် မြေညီထပ်ရှိ အခန်းများ၊ ဘွဲ့နှင်းသဘင်ခန်းမအတွင်း အပြင်များနှင့် ပင်မသုံးထပ်ဆောင်ရှိ အခြားထိခိုက်ပျက်စီးမှုများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားအိပ်ဆောင်များတွင် သာမန်အငယ်စားထိခိုက်ပျက်စီးမှု အခြေအနေများ၊ အကြီးစားထိခိုက်ပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ Rapid Evaluation Safety Assessment Form Level-2 ဖြင့် ဆက်လက်စစ်ဆေးရန်၊ ပြန်လည်ပြုပြင်သည့်အခါ စံအရည်အသွေးပြည့်မီမှုနှင့် စစ်ဆေးကွပ်ကဲမှုတို့ဆိုင်ရာ လိုအပ်သည်များကို မှာကြားသည်။
Apr 21, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်အပိုင်း) တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
