Nov 16, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 16, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၂၉၃ ဦး၊ အမျိုးသမီး ၂၀၆ ဦး စုစုပေါင်း ၄၉၉ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။
Nov 16, 2021
ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Nov 16, 2021
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ JSC “Rosoboronexport” ကုမ္ပဏီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chekmarev Andrey Lvovich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
Nov 16, 2021
ကမ္ဘာပေါ်တွင် ရှေးဦးကာလက ဘိန်းကိုစတင်တွေ့ရှိပြီး အသုံးပြုရာမှစ၍ တစ်ဆင့်ထက်တစ်ဆင့် မြင့်သည့် မူးယစ်ဆေးဝါးပြဿနာ ဖြစ်လာသည်။ မူလကဘိန်းနှင့် ပတ်သက်သည့်အသုံးပြုမှုနှင့် ပတ်သက်၍ လူမှုရေးပြဿနာအဖြစ် ရှုမြင်ခဲ့ရာမှ နေနောက်ပိုင်းတွင် လူမှုရေးနယ်ပယ်တွင်သာမက နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်များတွင်ပါ အသုံးချလာကြသည်ကို တွေ့ရသည်။ မူးယစ်ဆေးဝါးကို လူမှုရေးပြဿနာအဖြစ် ထိန်းချုပ်တိုက်ဖျက်ခြင်းမပြုဘဲ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွင် အသုံးချ နေသရွေ့ မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာပေါ်မှ မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။
Nov 16, 2021
ရဟန်းဟူသည် တရားကို ကောင်းစွာကျင့်ခြင်း၊ မှန်စွာကျင့်ခြင်း၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ ကောင်းမှုပြုခြင်းသည် ကောင်း၏။ မညှဉ်းဆဲခြင်းသည် ကောင်း၏။ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ဟု နှလုံးသွင်းကျင့်နေသူ၊သံသရာမှ လွတ်မြောက်အောင် ကျင့်နေသူ၊ ကိလေသာအနှောင်အဖွဲ့ ကင်းသူ၊ ငြိမ်းချမ်းအောင်နေသူ ဖြစ်ပြီး လောကတ္ထစရိယ-လောက၏အကျိုးစီးပွား၊ ဉာတတ္ထစရိယ မိမိလူမျိုး၊ မိမိမျိုးနွယ်တို့၏ အကျိုးစီးပွား၊ ဗုဒ္ဓတ္ထစရိယ- မိမိ ကိုယ်တိုင် သံသရာမှ လွတ်မြောက်ကြောင်း တို့အတွက် ဖြည့်ကျင့် ထမ်းဆောင်နေသူလည်း ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဘုရား၊ တရား၊ သံဃာကို အမြတ်ဆုံးသော ရတနာသုံးပါးအဖြစ် အထွတ်အမြတ်ထားကြသည့်အလျောက် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အားဗုဒ္ဓသာသနာ အရှည်တည်တံ့စေရန် ကျင့်ဆောင်သူ၊ စောင့်ရှောက် ထိန်းသိမ်းသူများအဖြစ်လည်း အလေးအမြတ်ပြုကြ သည်။
Nov 15, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 15, 2021
၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရန်ပုံငွေမှ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ် သတ်မှတ်၍ ချေးယူ ခွင့်ပြုသွားမည် ဖြစ်ပါကြောင်းနှင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ရန်ကုန်မြို့) နှင့် တိုင်းဒေသကြီး/ ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် အသင်းရုံးများ၌ လက်ခံသွားမည် ဖြစ်ပါကြောင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
Nov 15, 2021
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင်ပါရှိသော ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ကျူးလွန် ပါဝင်ပတ်သက်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊
Nov 15, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် နိုဝင်ဘာ ၁၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ဆီအုန်းသုတေသန ခြံတာဝန်ခံများ၊ သုတေသနပညာရှင်များနှင့် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ(မလိဝမ်း) သင်တန်းခန်းမ၌ တွေ့ဆုံသည်။
Nov 15, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 15, 2021
အမေရိကန်နိုင်ငံသား Mr. Daniel Jacob Fenster အား ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။
Nov 15, 2021
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက် (၁၀)နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် အသစ်ခန့်အပ်ထားသော နည်းပြ ဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်သည်။
Nov 15, 2021
၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 15, 2021
ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ ၊ ခြောက်ကောင်ရွာအနီး မိုင်တိုင် ၂၃/၃ တွင် ယနေ့ ၁၅:၂၀ အချိန်ခန့်က ဆွဲမိုင်းဟု ယူဆရသော ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားသည်။
Nov 15, 2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘက်စုံသုံးခန်းမ၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ရှေးစဉ်လာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သာ မသိုးသင်္ကန်း ပြိုင်ရက် ပူဇော်ပွဲအား ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှု အခြေအနေမျာကြောင့် ကျင်းပနိုင်ခြင်းမရှိသော်လည်း ရက်ကန်းစင် ခြောက်စင်ဖြင့် မသိုးသင်္ကန်းရက် လုပ်ပူဇော်သွားမည် ဖြစ်ကြောင်း ဒီနှစ်မှာ ပြိုင်ပွဲမျိုးမဟုတ်ဘဲ ရှေးစဉ်လာမပျက်ရေး ရက်လုပ်ပူဇော်သွားမှာပါဟု အဆိုပါ စေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိ ဒုတိယဥက္ကဋ္ဌ ဦးအေးကိုထံမှ သိရှိရသည်။
