Jan 23, 2022
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်းနှစ်ခုအား ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် အကြမ်းဖက်သမားအင်အား ၁၀၀ ခန့်စီက သာလွန်အင်အား အသုံးပြု၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် တစ်ပြိုင်တည်း လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
Jan 23, 2022
မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်ရှိ၊ အဆိုပါရုံး နေရာများ၌ သီးခြားစီကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Jan 23, 2022
လွန်ခဲ့သောနှစ်ပေါင်း ၇၅ နှစ်က မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် မြန်မာတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသခဲ့ကြရသည်။ လွတ်လပ်ရေးအတွက် ကြိုးစားတိုက်ပွဲဝင်ခဲ့ကြသည့် ကာလတစ်လျှောက်လုံးတွင် ပြည်သူလူထု စည်းလုံးညီညွတ်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတို့ကို ကျစ်လျစ်သိပ်သည်းစွာ တည်ဆောက်၍ ညီညွတ်မှုအင်အားဖြင့် လွတ်လပ်ရေးအောင်ပန်းကို ရယူခဲ့ကြရခြင်းဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတစ်ခုတွင် လွတ်လပ်ရေးသည် လမ်းဆုံးမဟုတ်ဘဲ လမ်းကြောင်းသာဖြစ်သည်ဟု ဆိုခဲ့ပြီး လွတ်လပ်ရေးသည် လက်ထဲသို့ရောက်ရုံဖြင့် မပြီးသေးဘဲ ရပြီးသည့်လွတ်လပ်ရေးကို တည်တံ့အောင်၊ တည်တံ့သည့် လွတ်လပ်ရေး၏ အရသာကို ခံစားရအောင် ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းစဉ် ခြောက်ရပ်ကိုလည်း ချပြခဲ့သည်။
Jan 23, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင် များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မန္တလေးတိုင်းဒေသကြီးရှိ နို့စားနွားမွေးမြူရေး စီမံကိန်း (ထုံးဘို)နှင့် မာဘယ်ကျောက်ပြား ထုတ်လုပ်ရေးစက်ရုံ(မန္တလေး)တို့သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
Jan 22, 2022
ကယားပြည်နယ်၊ လွိုင်ကော်မြို့တောင်ဘက်ရှိ စံပြ(၆)မိုင်ကျေးရွာအတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်အဖွဲ့များ ခိုအောင်းရောက်ရှိ၍ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နေမှုကို ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဖော်ထုတ်ချေမှုန်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများသည် ဒေသအခေါ် ဂေါ်ရခါးကျေးရွာဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ၎င်းအပြင် ဟိုဖိတ်ကျေးရွာအတွင်း ခိုအောင်းရောက်ရှိ လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ်များ အသုံးပြု၍ ဒေသအခေါ် ဂေါ်ရခါးကျေးရွာသို့ ထပ်မံအင်အားဖြည့်တင်းနိုင်ရေး လုပ်ဆောင်လာခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ အသုံးပြု၍ ပိုင်းဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
Jan 22, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၂-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Jan 22, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Jan 22, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသည့် မြို့နယ် (၉) မြို့နယ် အောင်မြင်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။
Jan 22, 2022
၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲ (၁)နာရီက အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 22, 2022
အာဆီယံ-ဂျပန်စင်တာ၏ ထောက်ပံ့မှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် TRC Hotel and Vocational Training Institute တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အခြေခံဂျပန်အစား အစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Online စနစ်ဖြင့် ကျင်းပသည်။
Jan 22, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဇန်နဝါရီ (၂၁)ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ (၉)မိုင်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉) အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံမျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ စိုက်ပျိုးရေးသွင်းအား စုဆိုင်ရာကုမ္ပဏီများ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ တောင်သူများအတွက် သက်သာသည့်နှုန်းထားဖြင့် စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
Jan 22, 2022
ASEAN-OSHNET Awards လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆု ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Jan 22, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Jan 22, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံ ရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂) နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 22, 2022
အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံအတွက် ကျန်းမာသန်စွမ်းပြီး စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
Jan 22, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 22, 2022
ရန်ကုန် ဇန်နဝါရီ ၂၁ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများဖြစ်သော စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၇၅)၊ အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၉)၊ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၁၀၉) သင်တန်းဆင်းပွဲများ အခမ်းအနား ကို ယနေ့နံနက် ၈ နာရီခွဲက သင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
Jan 22, 2022
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Jan 22, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ရှိ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်တတ်မြောက်အောင် သင်ယူလေ့လာကြရန်၊ မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်ဖြင့် မိမိဒေသ၊ မိမိနိုင်ငံအတွက် အကောင်းဆုံး အကျိုးပြုသူအဖြစ် ရပ်တည်နိုင်ရေးကြိုးပမ်းကြရန်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
Jan 22, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်က မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ အကောက်ခွန် ဦးစီးဌာနမှ ဦးဆောင်သော တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ခရီးသည်တင် ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၇၆ ၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
