Skip to main content

Jan 27, 2022

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး သည်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်၊ ၂/မြောက် ရပ်ကွက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ သဒ္ဒါရုံ၊ မင်းနန္ဒာအိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် အသား၊ ငါး၊ ပုဇွန်၊ ကုန်စိမ်းနှင့် ကုန်ခြောက်မျိုးစုံ ရောင်းချပေးနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဈေးရောင်း/ ဈေးဝယ် ပြုလုပ်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့နံနက် ၆ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် ရှမ်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ မူဆယ်မြို့နယ်၊ တိန်းလုံကျေး ရွာ၊ကူးတို့ဆပ်အနီး ကွင်းပြင်တွင် Ethanol ဟု ယူဆရသော လီတာ (၂၀) ခန့်စီပါ ပလပ်စတစ်ပုံး (၂၉၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၄၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု၊ ယာဉ်စီးရေ(၁)စီးဖြင့် နှာခေါင်းစီး (Mask) (၉) တန်ကို တင်သွင်းခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ (ပထမအဖွဲ့ ခွဲ) ဆရာတော်ကြီး (၉)ပါး၊ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) သင်ကြား/စီမံ၊ စာသင်သား သံဃာတော် (၂၄၉) ပါးတို့ကို ကာကွယ်ဆေးထိုးနှံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုး ရေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲ(၇)တွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမား၏ လုပ်ငန်းခွင်မတော်တဆထိခိုက်သေဆုံးမှုအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တိုင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေး (၂၀၂၂) Special Senior Officials Meeting on Energy (Special Some)2022 နှင့် အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန (ASEAN Centre for Energy - ACE) အုပ်ချုပ်မှုကောင်စီ အစည်းအဝေးတို့ကို ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်များတွင် ဘရူနိုင်းနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပလျက်ရှိရာ ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့်အတူ စွမ်းအင်ဆိုင်ရာကဏ္ဍခွဲအလိုက် တာဝန်ရှိသူများ တက်ရောက် သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း ၌အကောက်ခွန် ဦးစီးဌာနကဦးဆောင်သော တာဝန်ကျပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၂၇၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေ ပွဲတော်ကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက် မှုဖြင့် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီး၌ ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ စည်ကားသိုက်မြိုက်ခမ်းနားစွာ ကျင်းပတော့မည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

မြန်မာ - တရုတ်ပူးပေါင်း ဆက်ဆံရေးဗဟိုအသင်း၏ ကြီးကြပ်မှုဖြင့် လစဉ်ထုတ်ဝေသော ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းနှင့် စာနယ် ဇင်းမီဒီယာများ တွေ့ဆုံပွဲကို ယမန်နေ့က မဂ္ဂဇင်းတိုက်တည်ရှိရာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Myanmar Sports Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရန်အတွက် ပညာရည် မြင့်မားရေးမှာ အရေးအကြီးဆုံးဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေး ကဏ္ဍမြင့်မား တိုးတက်ရေးအတွက် အခြေခံလိုအပ် ချက်များဖြစ်သည့် စာသင်ကျောင်းများ တည်ဆောက်ပြုပြင်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းပေးခြင်း၊ အရည်အချင်း ပြည့်ဝသည့် ဆရာ၊ ဆရာမများမွေး ထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အနာဂတ်မျိုးဆက် သစ်လူငယ်များ ကျောင်းနေပျော်ရေးနှင့် ပညာသင်ကြားရေးတွင် စိတ်ဝင်စားမှုရှိစေ ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်း သူများက ညီညွတ်မျှတစွာ ထိန်းမတ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ “ကျော်ဇောလင်း”ရွှေဆိုင်အား အမျိုးသား ၅ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် အချို့သောဒေသများတွင် အေးချမ်းစွာနေ ထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက် အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း၊ ပုံစံမျိုးစုံဖြင့်သွေးထိုးလှုံ့ဆော်ခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်လုပ် ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် “kaung Wai Yan ’’ အမည်ဖြင့် လူမှုကွန်ယက် စာမျက်နှာ၌ ဘဏ်အကောင့်အတွင်းရှိ ငွေနှင့် ငွေသား လဲလှယ်လိုကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် မရမ်းကုန်းမြို့နယ်၊ တော်ဝင်အိမ်ရာ၊ တိုက်(H) နေ ဦးအောင်ခန့်ဖြိုးနှင့် ဒေါ်မျိုးသန္တာညွန့် တို့ ၂ ဦးသည် ငွေကျပ် ၅၉၅ သိန်းနှင့်အတူ YGN-3Q/9851 Swift အဖြူရောင်ယာဉ်ဖြင့် ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၌ ငွေသားလဲလှယ်မည့်သူများအား စောင့်ဆိုင်းနေစဉ် YGN-6D/6839 Mark-II အဖြူရောင်ယာဉ်ဖြင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ရောက်ရှိ လာပြီး ၎င်းတို့ ၂ ဦးအား လက်ထိပ်ခတ်ချုပ်နှောင်ကာ ၎င်းတို့၏ မော်တော်ယာဉ် အတွင်း ထည့်သွင်း၍ ငွေကျပ် ၅၉၅ သိန်းနှင့် ဒေါ်မျိုးသန္တာညွန့်၏ ပိုက်ဆံအိတ် အတွင်းမှ ငွေကျပ် ၃ သိန်း စုစုပေါင်း ငွေကျပ် ၅၉၈ သိန်းခန့်အား လုယက်ယူဆောင် ကာ ၎င်းတို့ စီးနင်းလာသည့် ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စု(င) ဒုတိယပွဲစဉ်ကို ဇန်နဝါရီ ၂၈ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း များတွင် အများ ပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP) အ ကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၌ Virtual စနစ်ဖြင့် ကျင်းပရာကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်း ၁၂ ခုနှင့် ကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမား များအား ထောက်ပံ့ရန်အတွက် လွိုင်ကော် မြို့နယ်၊ ဘာဒိုကျေး ရွာ အဆောက်အဦ ၁ လုံးအတွင်း၌ သိမ်းဆည်းထားရှိသည့် လက်ဆွဲအိတ် ၁၂၀ လုံး၊ ခေါက်ဆွဲထုတ် ၁၉၅၀ ထုပ်၊ ကွေကာအုပ် ၁၂၀ ထုပ်၊ အသားဘူးမျိုးစုံ ၇၆၀ ဘူး၊ ဆီ ၅၅၀ ဘူး၊ စောင် ၁၀၀ ထည်နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အစရှိသည့် လူသုံး ကုန်ပစ္စည်းမျိုးစုံကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်