Feb 01, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 01, 2022
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြို့ပြအင်ဂျင်နီယာများ လုပ်ငန်းကျွမ်းကျင်မှု မွမ်းမံ သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ နေပြည်တော်၊ ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
Feb 01, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ စခန်းနှင့် ကျေးရွာအနီးတစ်ဝိုက်သို့ ဇန်နဝါရီလ ၃၀ ရက် ညနေပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက ရွာ၏တောင်ဘက်နှင့် အရှေ့တောင်ဘက်တို့မှ အင်အား အလုံးအရင်း ဖြင့် ချဉ်းကပ်လာရာမှ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများက ကျေးရွာနေအိမ် များအား မီးရှို့ဖျက်ဆီးကာ ထွက်ပြေးသွား ခဲ့ကြောင်း သိရှိရသည်။
Feb 01, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်းအေးချမ်း ရေးပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်စေရန် အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများအား လုပ်ဆောင်လျက်ရှိပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ ရဟန်းသံဃာများ၊ သီလရှင်များအား သတ်ဖြတ်ခြင်းနှင့် အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူများအား သတ်ဖြတ်ခြင်းတို့အား စိတ်နှလုံး ညှိုးနွမ်းဖွယ်ရာ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 01, 2022
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်၏ ဒါးကွင်းခြေကုပ်စခန်းအား KNLA တပ်မဟာ(၅)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဇန်နဝါရီလ ၃၀ ရက် ညပိုင်းတွင် လက်နက်ကြီး/ လက်နက်ငယ်များ အသုံးပြုပြီး သာလွန်အင်အားဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းမှလုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် များက ပစ်ကူစစ်ကူများဖြင့် ပြန်လည်ခုခံ ပစ်ခတ်ထိန်းချုပ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား များ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း မိမိဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
Feb 01, 2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပလျက်ရှိသည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လူငယ်နှင့်စာပေပွဲတော်ကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ တတိယ မြောက်နေ့အဖြစ် ကျင်းပခဲ့သည်။
Feb 01, 2022
မြန်မာနိုင်ငံ၏အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့်ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ်အယူအဆ များ ထက်မြက်လာစေရန်ရည်ရွယ်၍ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Feb 01, 2022
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့နှင့် လောက်ကိုင်မြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နှင့် နမ့်စန်မြို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် ၅ မြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည် နယ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ် မြို့၌လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို ့တို့၌ လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ခန္တီးမြို့နှင့် မော်လိုက်မြို့၌ လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်နှင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၅ မြို့ နယ်တို့၌လည်းကောင်း အသီးသီးပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
Feb 01, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၉ ဦး၊ အမျိုးသမီး ၈၁ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့ကို လက်ခံခဲ့ကြသည်။
Feb 01, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 01, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်မှာ တစ်နှစ်တာခရီးရောက်ရှိခဲ့ပြီ ဖြစ်သည်။ တစ်နှစ်တာကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို ပြတ်ပြတ်ထင်ထင် မြင်တွေ့ရမည်ဖြစ်သည်။
Feb 01, 2022
ငါးနှစ်လျှင် တစ်ကြိမ်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲက မြန်မာနိုင်ငံကဲ့သို့သော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံ အတွက် လွန်စွာအရေးကြီးသည်။ အထူးသဖြင့် ဒီမိုကရေစီသက်တမ်း လွန်စွာနုနယ်သေးသည့် မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီလမ်းကြောင်းမှ ဖယ်ကြဉ်တိမ်းစောင်း မသွားစေရေးကလည်း ပို၍ပင်အရေးကြီးသေးသည်။ ဝါရင့်ဒီမိုကရေစီ နိုင်ငံကြီးများ၏ သမိုင်းအတွေ့အကြုံများအရ ဒီမိုကရေစီထူထောင်ရေး လမ်းကြောင်းများမှာ လွယ်လွယ်ကူကူ၊ ချောချောမွေ့မွေ့မဟုတ်ဘဲ အခက်အခဲ၊ အကျပ်အတည်းများကို ကြမ်းကြမ်း တမ်းတမ်း ရင်ဆိုင်ကျော်လွှားခဲ့ကြရသည့် သာဓကများရှိသည်။
Jan 31, 2022
CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားချက်ဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ မဟုတ်မမှန်လုပ်ကြံဆွဲဆောင်စည်းရုံးမှုကို နားယောင်ကာ ကယားပြည်နယ်ဘက်သို့ ထွက်ခွာလာသော ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အထက(ရွှေမြယာ)မှ နဝမတန်း ကျောင်းသား မောင်ဇွဲသက်ပိုင်(၁၅ နှစ်)၊ မောင်ရဲမင်းထွေး (၁၆ နှစ်)၊ ဒသမတန်းကျောင်းသား မောင်ဥက္ကာမင်းမောင် ( ၁၅ နှစ်)၊ မောင်ကောင်းသန့်နိုင်( ၁၅ နှစ်)၊ မောင်သန်းထိုက်( ၁၅ နှစ်) တို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများနှင့် တာဝန်သိ ပြည်သူများ ပူးပေါင်း၍ ရှာဖွေစုံစမ်းခဲ့ရာ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် ပြန်လည် တွေ့ရှိခဲ့ပြီး မိဘများ၏ရင်ခွင်သို့ ပြန်လည် ပို့ဆောင်အပ်နှံပေး ခဲ့ကြောင်း သိရှိရသည်။
Jan 31, 2022
၁။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၀၉၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေးတို့ကို အလေးထားဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဖြစ်ပေါ်နေသည့် အခြေအနေ များကို ခြုံငုံသုံးသပ်မှုများအရ ပြည်တွင်းပြည်ပ အဖျက်သမားများနှင့် ၎င်းတို့ကို အားပေးနေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီထက် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေသည့် အခြေအနေများနှင့် လက်ရှိအခြေအနေ တွင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အချို့တို့၌ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများရှိနေသကဲ့သို့ နိုင်ငံအတွင်း မြို့နယ်အချို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများ ခန့်ထားရန် ကျန်ရှိနေသေးသည့် အခြေအနေများကြောင့် စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၉ အရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေးတို့အတွက် ဆက်လက် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၅ အရ တင်ပြခဲ့သည်။
Jan 31, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
