Skip to main content

Jan 17, 2022

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

မြန်မာ - တရုတ် နယ်စပ်မြို့များတွင် ကိုဗစ်-၁၉ စင်တာများ၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

NUG CRPH PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့ အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက် ရှိသည့်အပြင် ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီစီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု၊ ယာဉ်စီးရေ (၁) စီးဖြင့် အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၉၄) ခုကို တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပထမနေ့ ဒုတိယပိုင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

ယနေ့ နံနက်ပိုင်းက တရားလွှတ်တော်‌ရှေ့နေများကောင်စီ၏ ပထမအကြိမ် အစည်းအဝေး အမှတ်စဉ်- ၁/၂၀၂၂ ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Cluster–1, တိုက် အမှတ်(၆)ရှိ တရားလွှတ်တော်‌ရှေ့နေများ ကောင်စီရုံးတွင် COVID– 19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ Social Distancing နှင့်အညီ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းတစ်ရပ်၏ ပြယုဂ်- ခေါင်းဆောင်မှုအရင်းအမြစ် တည် ဆောက်ခြင်းဆိုင်ရာ ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

ဝန်ထမ်းများအားလုံး အေးချမ်းပျော်ရွှင်ပြီး လုံခြုံစိတ်ချစွာ လုပ်ငန်းတာဝန်များကို အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်ရန်နှင့် လုံခြုံရေးဆိုင်ရာ နည်းစနစ်များ/နည်းဗျူဟာများကို နားလည်သိရှိပြီး စနစ်တကျ စီမံဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန "လုံခြုံရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂)" သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဇန်နဝါရီ (၁၅) ရက်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၊ သဖန်းစံပြမွေးမြူရေးခြံအတွင်း ပြန်လည်ပြုပြင်နေသည့် စံပြကန် အမှတ်(၁) နှင့် အမှတ်(၂) တို့ကို ကြည့်ရှုစစ်ဆေးပြီး ရေအလေအလွင့်မရှိ အသုံးပြုနိုင်ရေး၊ ကန်နှင့်ရေပေးဝေရေး အဆောက်အအုံများ ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးသင်တန်း၊ ဓာတ်အားခွဲရုံများ ပြုပြင်/ထိန်းသိမ်း/မောင်းနှင်ခြင်း သင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်၊ ဗဟိုသင်တန်းကျောင်း၌ Covid-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်း လင်းပွဲကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာ များ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ နှစ်ကာလကြာမြင့်ပြီး ဟောင်းနွမ်းနေသည့် စက်ပစ္စည်း(၂၁)မျိုး၊ အရေအတွက် (၄၉၂)လုံးကို မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့သည် ယနေ့ နံနက် ၇ နာရီခွဲတွင် မှော်ဘီမြို့နယ် ဆန်စပါးသုတေသနဌာန မြေနေရာဝင်းအတွင်း ဆောင်ရွက်နေသော လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းသို့ရောက်ရှိပြီး ယခုကာလသည် နွေစပါးအတွက် ရေခေါ်မြောင်း၊ ရေသွင်းမြောင်းများ Upgrade လုပ်နေရသည့် အချိန်ဖြစ်၍ ဧက ၁၀၀ အတွက် အကျိုးပြုနိုင်သည့်အပြင် ရန်ကုန်မြို့အတွက် လိုအပ်သည့် သောက်သုံးရေ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်းနှင့် မှော်ဘီမြို့အား ဖြတ်သန်းဆောင်ရွက်ရခြင်းဖြစ်၍ ပြန်လည်ပြုပြင်ဆောင်ရွက်မှုများကို မူလကထက် ပိုမိုကောင်းမွန်ရန် လုပ်ဆောင်ပေးရ မည်ဖြစ်ကြောင်း မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

လျော့နည်းသက်သာကြရလေအောင် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲလျက်ရှိသော အိမ်ထောင်စုများ ဓာတ်အားချွေတာသုံးစွဲကြရေးအတွက် သက်ဆိုင်ရာက နှိုးဆော်တိုက်တွန်းထားသည်။ မိမိတို့နိုင်ငံတွင် အိမ်ထောင်စု ပေါင်း ၁၀ ဒသမ ၉ သန်းခန့်ရှိရာ လက်ရှိအချိန်တွင် အိမ်ထောင်စု ပေါင်း ၆ ဒသမ ၆ သန်းခန့်က နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲနေကြသည်။ နိုင်ငံတော်အတွင်း မှီတင်းနေ ထိုင်ကြသည့် အိမ်ထောင်စု စုစုပေါင်း၏ ၆ဝရာခိုင်နှုန်း မီးရနေခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2022

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများကျန်းမာရေးကို အလေးထားရှေးရှုကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူများ ကိုယ်စီကျန်းမာသော ဘဝကို ပိုင်ဆိုင်ကာ နိုင်ငံအတွက်လည်း နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရေး အတွက် စားသုံးဆီနှင့် ပတ်သက်၍ မကြာခဏလမ်းညွှန် မှာကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2022

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2022

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ် အနီး သာသနာ ၂၅၀၀ ဝန်းအတွင်း၌ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်