Skip to main content

Jan 20, 2022

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်အဟုန် ပြန်လည်မြင့်တက်လာခဲ့ရာ နိုင်ငံအချို့၌ နေ့စဉ်ကူးစက်မှုများ စံချိန်တင်လျက်ရှိကြောင်း နိုင်ငံတကာသတင်းများ၌ တွေ့ရှိနေရသည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်ခုဖြစ်သည့် အမေရိကန် နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်သန်းခွဲအထိ ပင်ရှိခဲ့ကြောင်း သိရပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင် ကမ္ဘာ့ ဒုတိယအများဆုံး ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် နေ့စဉ် ရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော် ရှိနေသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရာတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ကပ်ရောဂါကူးစက်မှု အရှိန်မပြေသေးသည်မှာလည်း ဂရုပြုဖွယ်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တတိယနေ့ အစီအစဉ်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင် တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ‌ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန် (၃) ၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၏ စားသောက်ရေးနှင့် သက်သာချောင်ချိရေး အထောက်အကူ ဖြစ်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ပွင့်လင်းရာသီတွင် ဖြစ်ပေါ်လေ့ရှိသော တောမီးလောင်ခြင်းနှင့် တောင်ယာမီးရှို့ခြင်းတို့မှ ထွက်ရှိသော မီးခိုးမြူငွေ့နှင့် ပြာမှုန့်များကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လျက်ရှိသဖြင့် Fire Hotspots မီးလောင်ကျွမ်းမှု များပြားနေခြင်းကို လျှော့ချသွားရန်၊ မီးလောင်ကျွမ်းခြင်းများကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ ညစ်ညမ်းမှုကြောင့် ဂေဟစနစ်နှင့် လူသားတို့၏ ကျန်းမာရေးအတွက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ရေမြောင်းရေစီးရေလာကောင်းမွန်စေရန် အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် ကားပါကင်အောက် မြေအောက်မြောင်း ရှင်းလင်းနေမှု ကိုသွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည် များမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ကချင်ပြည်နယ်အတွင်း မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့သင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မလိခခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီအသင်းနှင့် ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း များတွင်မွေးမြူရေးဒီပလိုမာသင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရာတွင် သင်ကြားမှုအထောက်အကူဖြစ်စေရန်အတွက် ပုသိမ်ကြီး စိုက်ပျိုးရေး သိပ္ပံကျောင်းရှိ ငါးကန်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက အဆိုပါကျောင်း ငါးမွေးကန်တွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုရရှိစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးတို့အတွက် သဘာဝ မြစ်ချောင်းအင်းအိုင် ဆည်တမံများအတွင်း ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ နေပြည်တော် တိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံအတွင်း ရေဆင်းငါးလုပ်ငန်းစခန်းမှ ထုတ်လုပ်သော နှစ်လက် မအောက်ခံအရွယ် ငါးမြစ်ချင်းသား ပေါက်ကောင် ရေ ၁၀၀၀၀၀ မျိုးစိုက်ထည့်သည့် အခမ်းအနားကို ဇန်နဝါရီလ ဒုတိယပတ်က ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီ ၁၇ ရက်တွင် စုံစမ်းစစ်ဆေးရေးအရာရှိ (မန္တလေး)နှင့် စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲ၊ အကောက်ခွန်ဦးစီးဌာနမှ မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီး (၂၁/၃)မိုင်ခန့်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယာဉ်အမှတ်၊ 1F/8750 (YUTONG Bus) ပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်ဆောင်လာသည့် ဖုန်းမျိုးစုံ ၁၇၀၅ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၆၄၄,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော YUTONG Bus တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀,၆၄၄,၀၀၀ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉၀ ဦး၊ အမျိုးသမီး ၈၆ ဦး၊ စုစုပေါင်း ၁၇၆ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၁ ဦးတို့ကို လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲ ရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များကကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုထောက်ပံ့ခြင်းနှင့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး U-23 လှေလှော်အသင်း၊ U-18 ပြေး၊ ခုန်၊ ပစ်အသင်းနှင့် U-25 စက်ဘီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီစီစဉ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေနှစ်စီးဖြင့် အောက်ဆီဂျင်အိုးခွံ ၁၁၀၀ ကို တင်သွင်းခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇန်နဝါရီ ၁၆ ရက်က မြို့ကြီးရေလှောင်တမံသို့ ရောက်ရှိ ပြီးရေလှောင်တမံ ရေဝင်ရောက်မှု၊ ရေယူအဆောက်အအုံ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ရေလွှဲဆည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံ ဘေးကင်းလုံခြုံရေးအတွက် စဉ်ဆက်မပြတ် စူးစမ်းလေ့လာရန် လိုအပ်ချက်များ၊ ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် ဒေသနေ တောင်သူများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေး ဖြည့်ဆည်းကူညီ ဆောင်ရွက် ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်