Nov 09, 2022
တတိယအကြိမ် အာဆီယံ-တရုတ် ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲ (3rd ASEAN-China Friendship and Cooperation Short Video Contest) သို့ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ MITV မှ မြန်မာနိုင်ငံကိုယ်စားပြု၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ သဗ္ဗညုဘုရားကြီးအား တရုတ်နိုင်ငံအထောက်အပံ့ဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေပုံအကြောင်း ၅ မိနစ်ကြာ အစီအစဉ်အားပေးပို့ယှဉ်ပြိုင်ခဲ့ရာ ပထမဆု(Gold Medal)အဖြစ် ရွေးချယ်ခဲ့ပါသည်။
Nov 09, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ်(၃၀/၁)၊ အမှတ်(၄)လမ်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်း စစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားမဝင်သယ်ဆောင်လာသော ကျွန်းတံခါးချပ်နှင့် ကျွန်းပြတင်းတံခါးများ သုညဒသမ ၈၀၅၈ တန်(ခန့်မှန်းတန်ဖိုးငွေ ၅၃၁၈၂၈ကျပ်)နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Isuzu အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၁၅၅၃၁၈၂၈ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Nov 09, 2022
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဒက္ခိဏ သီရိမြို့နယ် တောင်ဝိုင်းကြီး နေလသိဒ္ဓိဆုတောင်းပြည့်စေတီတော်၌ ကျင်းပရာ ဒက္ခိဏသီရိမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Nov 09, 2022
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)သို့ရောက်ရှိပြီး အခြေခံဂဟေဆက်သင်တန်းသားများအား တွေ့ဆုံအားပေးသည်။
Nov 09, 2022
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေးသင်တန်း အမှတ်စဉ် (၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပသည်။
Nov 09, 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် Traditional Dance Festival of Mekong - Lancang ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ မဲခေါင်-လန်ချန်းရိုးရာအကပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်အမှာစကားပြောကြားသည်။
Nov 09, 2022
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
Nov 09, 2022
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ၊ ဘာသာ ရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Nov 09, 2022
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီ တွင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ လော့သိုင်းကျေးရွာအုပ်စု အလယ်စခန်းကျေးရွာအနီးရှိ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောင်ဝင်းမောင်းနှင်ပြီး အိအိငြိမ်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၂၆၅ ပြားကိုလည်းကောင်း။
Nov 09, 2022
ယနေ့အစည်းအဝေးသည် ဌာနဆိုင်ရာများမှ တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်များအပေါ် ကြိုတင်ခွင့်ပြုခဲ့သည့် အမှုတွဲများအား အဖွဲ့ဝင်များနှင့် ပြန်လည်စိစစ်အတည်ပြုနိုင်ရန်နှင့် ကော်မတီ၏ လုပ်ငန်းတာဝန်(၁၀)ရပ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
Nov 09, 2022
နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်တေးသံရှင်များ၊ မြန်မာ့အသံမှ တေးသံရှင်များက နေပြည်တော်ရှိ ဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိသည်။
Nov 09, 2022
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝရရှိရေးဆောင်ရွက်ကြရာတွင် အခွန်ထမ်းပြည်သူများက အခွန်ဥပဒေများအရ ပေးဆောင်သင့်သည့် အခွန်ငွေများကို တာဝန်သိစွာ ပေးဆောင်လာစေရေးကို အသိပညာပေး စည်းရုံးဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသောအခွန်ဌာနတစ်ခုဖြစ်လာစေရန် အဓိကဦးတည်အကောင်အထည်ဖော်နေသဖြင့် ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် သင်တန်းသား သင်တန်းသူများအပါအဝင် အခွန်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
Nov 09, 2022
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Hyett Regency Hotel ၌ ကျင်းပသည်။
Nov 09, 2022
ပြည်ပနိုင်ငံများသို့စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Nov 09, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့နိုင်ငံခြားရေးရာသိပ္ပံ (CPIFA)မှ စီစဉ် ကျင်းပသည့် ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ထင်ပေါ်ကျော်ကြားသူများ ဆွေးနွေးပွဲသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
Nov 09, 2022
မြန်မာတို့၏ သဘာဝနှင့်ယုံကြည်မှုအရ လူတို့၏ဖြစ်တည်မှုသည် ဖြစ်ပြန်ပျက်ပြန်လောကဓံသဘောကဲ့သို့ နိမ့်တုံမြင့်တုံ အစဉ်အမြဲပြောင်းလဲဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လူ့ဘောင်လောကဖြစ်တည်မှုတွင်လည်း အလားတူပင်၊ လောကဓံမုန်တိုင်းကြား၌ ရုန်းကန်လှုပ်ရှား အစဉ်ဖြတ်ကျော်နေရပါသည်။ ထိုသဘောတရားအရ ဖြစ်ပေါ်လာသမျှသော အခြေအနေတို့ပေါ်တွင်မူတည်၍ အကောင်းဆုံးဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်ရမည်မှာ လူ့ဘောင်သမိုင်းကို ရေးထိုးကြမည့်သူများ၏ တာဝန်ဖြစ်ပါသည်။
Nov 09, 2022
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံက ကြေညာထားသည့် ARSA အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် ခြောက်နှစ်မြောက် နှစ်ပတ်လည်ပွဲများကျင်းပပုံ ဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံများကို လူမှုကွန်ရက်မီဒီယာများတွင် ပေါ်ပေါ်ထင်ထင် ထုတ်ပြလာခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့က ကောက်စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ARSA အဖွဲ့က “Happy Day” ဟု အမည်ပေးထားသည့် အခမ်းအနားကိုကျင်းပပြီး Facebook၊ Twitter နှင့် Whatsapp တို့မှတစ်ဆင့် ဖြန့်ဝေခဲ့ခြင်းဖြစ်ရာ ယခင်က ဒုက္ခသည်စခန်းများအတွင်း လျှို့ဝှက်သိပ်သည်းစွာ ရောနှောနေထိုင်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ ခေါင်းထောင်ပြလိုက်ခြင်းအားဖြင့် နောက်ထပ်ခြေလှမ်းတစ်ခုစတင်လိုက်ခြင်းဟု ယူဆနိုင်သည်။
Nov 08, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ (၁၀:၃၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 08, 2022
ဂရိနိုင်ငံ၊ အေသင်မြို့ရှိ Hellenic Police Headquarters ၌ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာစေ့စပ်ညှိနှိုင်းသူများလုပ်ငန်းအဖွဲ့၏ နှစ်ပတ်လည်ညီလာခံ (International Negotiators Working Group – Annual Conference 2022)သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ကျော်လင်း ဦးဆောင်သောကိုယ်စားလှယ် ၂ ဦးတက်ရောက်ခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၉ နိုင်ငံနှင့် အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ အိုက်စ်လန်၊ နော်ဝေ၊ ကနေဒါ၊ နိုင်ဂျီးရီးယား၊ ဩစတြေးလျ၊ မက်စီဒိုးနီးယား၊ အရှေ့အလယ်ပိုင်းဒေသ ၄ နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာရှနိုင်ငံများမှ မြန်မာနိုင်ငံ၊ ဂျပန်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်များစုစုပေါင်း (၁၀၅)ဦး တက်ရောက်ခဲ့ပါသည်။
