Skip to main content

Sep 22, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ဇူလိုင် ၂၃ ရက်နံနက် မင်္ဂလာအချိန် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ပေ ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံ ဥက္ကဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

ကမ္ဘာလုံးဆိုင်ရာ စာရင်းဇယားများအရ Meeting, Incentive, Convention, Exhibition (MICE) ခရီးသွားလုပ်ငန်း၏ ဝင်ငွေသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃၄ ဘီလီယံ ကျော်ရှိပြီး ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၁၉ ဒသမ ၃ ဘီလီယံကျော်အထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း၊ MICE ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ၂၀၁၉ ခုနှစ်တွင် (၄ ဒသမ ၇) သန်း ရှာဖွေပေးနိုင်ခဲ့ပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အကျိုးကျေးဇူးများစွာ ပေးစွမ်း နိုင်သည့်အတွက် MICE ခရီးသွားလုပ်ငန်းမှာ စနစ်တကျနှင့် အလေးထား ဆောင်ရွက်သင့်သော ကဏ္ဍတွင် ပါဝင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

နေပြည်တော်၏ Digital Transformation လုပ်ငန်းစဉ်၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်နိုင်ရေး နေပြည်တော် မြို့တော်ဝန် ဦးတင်ဦးလွင်က ဖိတ်ခေါ်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

ရှမ်းပြည်နယ် တောင်ကြီးခရိုင်၊ ကလောမြို့နယ် ဟဲဟိုး-ဘော်ဆိုင်း ကားလမ်းဘေး ဝဲ/ယာ စိမ်းလန်း စိုပြည်ရေး၊ ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်ဖြစ်စေရေး၊ ကလောမြို့ကို ထင်းရှူးမြို့တော်ဖြစ်စေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းနှင့် ဧရာဝတီမြစ်အနောက်ဘက်နယ်မြေအား သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့်အဖွဲ့ကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)နှင့် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

အကြီးစားပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်နေသော မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေး ကျင်းပပြုလုပ်မည့် ဝိဇယမင်္ဂလာ ဓမ္မသဘင် အဆောက်အအုံလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးစံမီသော သတ်မှတ်ပစ္စည်းများသုံးစွဲရေး၊ ပိဋကသုံးပုံပါဠိတော်ကို မြန်မာ-ရိုမန်အက္ခရာ နှစ်မျိုးဖြင့် ကျမ်းစာအုပ်များ ရိုက်နှိပ်ထုတ်ဝေခြင်း လုပ်ငန်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် ကျမ်းစာအုပ်များ အရည်အသွေးကောင်းမွန်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း ကယနေ့နံနက်ပိုင်းက အဆိုပါလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

၂၀၂၂ ခုနှစ် ဧပြီလအတွင်း စက်သုံးဆီအရောင်းဆိုင်များမှ အရောင်းရပ်ဆိုင်းခြင်း၊ အချိန်အပိုင်းအခြားဖြင့် ရောင်းချခြင်း၊ ပမာဏအကန့်အသတ်ဖြင့် ရောင်းချခြင်းများ ဖြစ်ပွားခဲ့သဖြင့် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကျောင်းကိုင်တွယ် ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်းဖူလုံမှုရှိစေရေး၊ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက “စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ” ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သူကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

တရုတ်ပြည်သူ့ ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေးအသင်း CHINESE PEOPLE’S ASSOCIATION FOR PEACE AND DISARMAMENT (CPAPD) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ယနေ့ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂” သို့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) ဦးဆောင်သော မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့သည် ရုပ်သံမှတစ်ဆင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံများ လျာထားသတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် စက်တင်ဘာ ၂၀ရက်နှင့် ၂၁ရက်တို့တွင် မြို့နယ်အလိုက် ကွင်းဆင်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

AHA Centre မှ တစ်ဆင့်ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့မွန်းလွဲ ၃ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၂နာရီက ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးများ၌ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၂၅၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၁၃၈၁၄ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ ဒေသခံပြည်သူ ၁၈၄၄ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခုနစ်ခရိုင်၌ ဒေသခံပြည်သူ ၈၆၅၈ဦးနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၌ ဒေသခံပြည်သူ ၃၂၈ ဦးတို့ကို (အောက်ပုံ) တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်