Skip to main content

Jan 16, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မန္တလေးတိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုမဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှအရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီ ခြောက်ပါတီမှပါတီဥက္ကဋ္ဌနှင့် အမှုဆောင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

နိုင်ငံတော်က ဝယ်ယူထောက်ပံ့ထားသည့် ဆေးဝါးများကို လူနာများအကျိုးရှိစေရေး ထိထိရောက်ရောက် အသုံးချရန်၊ အဓိကဆေးဝါးများ အခမဲ့ထောက်ပံ့ပေးရန်နှင့် ပြည်သူများအနေဖြင့် ဆေးကုသစရိတ်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

​​​​​​​ဦးစိုးသွင် (သရက်မြို့ ဆုတောင်းပြည့်ဘုရားကြီးဂေါပကဥက္ကဋ္ဌ) ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မကွေးတိုင်းဒေသကြီး မြို့နယ်များအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များပါဝင်သည့် ဘုရားဖူးအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် လာရောက်ဖူးမြော်ကြည်ညိုကြရာ အဆိုပါလာရောက် ဖူးမြော်ကြည်ညိုကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ၌ ပါဝင်ဆောင်ရွက်ကြမည့် ရွှေကြိုလူငယ်မောင်မယ်များ လေ့ကျင့်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဗဟန်းမြို့နယ် ဖိုတိုလစ်သိုပုံနှိပ်စက်ရုံတွင် ကျောင်းသုံးစာအုပ်များ ပုံနှိပ်ဆောင်ရွက်နေမှုနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် တည်ဆောက်မည့် စာဆိုဗိမာန်အဆောက်အအုံ မြေနေရာတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစား ရုံတို့တွင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ သတ္တမနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

နိုင်ငံတကာအဆင့်မီ စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် မိတ်ဖက်ဥပဒေအဖွဲ့အစည်းမှ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

အဆင့်မြင့် သံတမန်ရေးရာ သင်တန်းအမှတ်စဉ်(၁/၂၀၂၄) နှင့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၅/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမနှင့် ရန်ကုန်မြို့ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့၌ တစ်ပြိုင်တည်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် နာဂရိုးရာလက်မှုအထည်ဆိုင်မှ ရိုးရာအသုံးအဆောင်ပစ္စည်းများကို စျေးနှုန်းသင့်တင့်မျှတစွာဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်