Mar 27, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၆-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၃၁၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၆) ရာခိုင်နှုန်း ရှိပါသည်။
Mar 27, 2023
ပထမဦးဆုံးပြောချင်တာက မြဝတီကုန်သွယ်ရေးဇုန်ကို PDF အမည်ခံအကြမ်းဖက်အဖွဲ့၊ KNU အဖွဲ့ခွဲထွက် KKO အမည်ခံအကြမ်းဖက်အဖွဲ့တွေက ၂၅ ရက်နေ့မနက် ၆ နာရီကျော်ကျော်တွင် တိုက်ခိုက်ခဲ့တာရှိပါတယ်။
Mar 27, 2023
KKO(ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုအား နှောင့်နှေးကြန့်ကြာစေရန်နှင့် ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်ရည်ရွယ်၍ မတ် ၂၅ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်အား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
Mar 27, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 27, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မတ် ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပဋိဇီဝဓာတ်ကြွင်းနှင့် ဗိုင်းရပ်စ်ပိုးစစ်ဆေးရေး ဓာတ်ခွဲခန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 27, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ဌာနခွဲရှိ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကေသရအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
Mar 27, 2023
ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထားဝယ်မြို့ ထားဝယ်-ကမြောကင်း- လောင်းလုံးလမ်းပေါ်ရှိ ကမြောကင်းတံတားသစ် တည်ဆောက်ရေးစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်၍ တာဝန်ယူတည်ဆောက်လျက်ရှိရာ ၂၀၂၃ ခုနှစ် မတ် ၁၅ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သဖြင့် ယနေ့နံနက်ပိုင်းက ကမြောကင်းတံတားသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
Mar 27, 2023
၂၀၂၃ ခုနှစ်၊ မတ် ၂၇ ရက်တွင် ကျင်းပပြုလုပ်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများသည်လည်း ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည်။
Mar 27, 2023
ယနေ့သည် ၂၀၂၃ ခုနှစ် (၇၈)နှစ်မြောက် တပ်မတော်နေ့ဖြစ်သည်။ တပ်မတော်သည် တိုင်းရင်းသားပြည်သူတို့နှင့် တစ်သားတည်း၊ အမျိုးသားလွတ်မြောက်ရေးသမိုင်းစဉ်နှင့် တစ်ဆက်တစ်စပ်တည်း အမျိုးသားနိုင်ငံရေးအသိ အပြည့်အဝဖြင့် ပေါက်ဖွားလာခဲ့သော တပ်မတော်ဖြစ်သည်။ သူ့ကျွန်မခံစွန့်စားသည့် လက်နက်ကိုင်တိုက်ပွဲများ၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်အပြည့်ဖြင့် လှုပ်ရှားခဲ့သည့် နိုင်ငံရေးတိုက်ပွဲများ၊ ပြည်တွင်း/ပြည်ပရန်စွယ် အန္တရာယ်ဟူသမျှကို ချေမှုန်းခဲ့သည့် တိုက်ပွဲများဖြင့် သမိုင်းဂုဏ်ရောင်ထွန်းပြောင်စွာ မော်ကွန်းရေးထိုးထားနိုင်ခဲ့သော တပ်မတော်ဖြစ်သည်။
Mar 27, 2023
မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေသည် နိုင်ငံတော်ကို အလုံးစုံပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့၏ လက်ဝေခံအကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများ၊ စစ်ရေးနှင့်မသက်ဆိုင်သည့်နေရာများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခြင်း၊ ပြည်သူများကို လက်နက်ကိုင်ခြိမ်းခြောက်အကျပ်ကိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူနိုင်ရန် ကြိုးပမ်းပြုလုပ်နေကြသည့် သာမန်မဟုတ်သောအခြေအနေကို ဖြတ်သန်း နေရချိန်ဖြစ်သည်။
Mar 26, 2023
မတ်လ ၂၅ ရက်နေ့၊ နံနက်(၆:၃၀)မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်အား .KKO(ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ကုန်သွယ်ရေးဇုန်၏ အနောက်ဘက်မီတာ ၂၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာများရရှိကာ ကုန်သွယ်ရေးဇုန်အဆောက်အဦနှင့် X-Ray စက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရသည့် ဖြစ်စဉ်များအပေါ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)အနေဖြင့် လွန်စွာပင် စိတ်နှလုံးမချမ်းမြေ့ဖြစ်ရပါသည်။
Mar 26, 2023
၁။ KKO (ခွဲထွက်)အဖွဲ့နှင့် NUG, CRPH လက်အောက်ခံအကြမ်းဖက်အဖွဲ့များသည် ကရင်ပြည်နယ် မြဝတီမြိုနယ်အတွင်း တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပျက်ပြားစေရန်နှင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ မတ်လ ၂၅ ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကုန်သွယ်ရေးဇုန်အဆောက်အဦနှင့် X-Ray စက်တို့ပျက်စီးခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူတစ်ဦး ဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများဖြစ်ပွားခဲ့ပါသည်။
Mar 26, 2023
KKO (ခွဲထွက်)အဖွဲ့နှင့် NUG, CRPH လက်အောက်ခံအကြမ်းဖက်အဖွဲ့များသည် ကရင်ပြည်နယ် မြဝတီမြိုနယ်အတွင်း တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပျက်ပြားစေရန်နှင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ မတ်လ ၂၅ ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကုန်သွယ်ရေးဇုန်အဆောက်အဦနှင့် X-Ray စက်တို့ပျက်စီးခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူတစ်ဦး ဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ဖြစ်ပွားခဲ့ပါသည်။
Mar 26, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 26, 2023
၁။ မတ်လ(၂၅)ရက်နေ့နံနက် (၆)နာရီ(၃၀)မိနစ်ခန့်က မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်အား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။
Mar 26, 2023
၁။ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် KNU ခွဲထွက် KKO အမည်ခံအကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့က ကရင်ပြည်နယ် မြဝတီမြို့ရှိ မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။
Mar 26, 2023
၁။ ကရင်ပြည်နယ် မြဝတီမြို့ရှိ မြဝတီကုန်သွယ်ရေးဇုန်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် KNU ခွဲထွက် KKO အမည်ခံအကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး၊ အကောက်ခွန်ဝန်ထမ်း ၁ ဦး၊ အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးခဲ့ရခြင်း၊ သေဆုံးသူများ၊ နိုင်ငံပိုင်အဆောက်အဦနှင့် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
Mar 26, 2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုအား နှောင့်နှေးကြန့်ကြာစေရန်နှင့် ဒေသခံပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်၍ မတ် ၂၅ ရက်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုကြောင့် ကုန်သွယ်ရေးဇုန်အဆောက်အဦနှင့် X-Ray စက်တို့ပျက်စီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာများရရှိခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့် ဒေသခံအပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
Mar 26, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၅-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၃-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၇၉၄)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁)ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ(၀.၀၃)ရာခိုင်နှုန်းရှိပါသည်။