Skip to main content

May 14, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် မေ ၁၁ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးတွင်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးနှင့်ခရိုင်ရုံးဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်စက်ရုံ စက်ရုံမှူးနှင့်ဝန်ထမ်းများ၊ တိုင်းရင်းသားသတင်းဌာနခွဲ မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2023

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို မေ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)ခန်းမ၌ ကိုဗစ်- ၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2023

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင်အခြေခံပညာအထက် တန်းကျောင်းသို့ရောက်ရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များ တွဲဖက်ဖွင့်လှစ်သင်ကြားမည့် အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာဇဘတ်မြို့တွင် (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖိုရမ် (11th St. Petersburg International Legal Forum) ကို မေ ၁၁ ရက်မှ ၁၃ ရက်အထိကျင်းပပြုလုပ်ရာ အဆိုပါဖိုရမ်သို့ ရုရှားနိုင်ငံတရားရေးဝန်ကြီးဌာန တရားရေးဝန်ကြီး H.E.Honorable Mr.Konstantin A. Chuychenko ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2023

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောအလွန် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) သည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည့်အတိုင်း ဖြစ်လာနေပြီဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်၌ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြန်မာ့ကမ်းရိုးတန်းသို့ဦးတည်ပြီး နိုင်ငံအနှံ့၌ လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများဖြစ်ပေါ်နေသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2023

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်သည် မေ ၁၂ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်နယ်စီမံကိန်းဦးစီးရုံး (ရုံးခွဲ) သို့ ရောက်ရှိပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ပြည်တွင်းအခွန်များဦးစီးဌာန အကောက်ခွန်ဦးစီးဌာနနှင့်ပင်စင်ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2023

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ် များ ကျရောက်နိုင်မှုအခြေအနေ မြင့်မားသည့်နိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။ သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်နေမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ မြင့်မားရေးတို့ကို ကြီးမားစွာထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်စေမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ဟူသည်မှာ ဖြစ်မလာအောင်တားဆီး၍မရသော်လည်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းဖြင့်သာ ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2023

မြန်မာ့ပင်လယ်ပြင်တွင် တိုက်ခတ်လျက်ရှိနေသောအား အလွန်ကောင်းသောမုန်တိုင်း "မိုခါ" (MOCHA) သည် ရခိုင်ကမ်းရိုးတန်းအား ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်စဉ်မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက်လေပြင်းများ ကျရောက်နိုင်ခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့်မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျောက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ အထူးသဖြင့်ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့ များတွင်လည်းကောင်း၊ ချင်းပြည်နယ်၊ အထူးသဖြင့် မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ထန်တလန်၊ ဟားခါးမြို့များတွင် လည်းကောင်း၊ စစ်ကိုင်းတိုင်းအထူးသဖြင့် ကလေးမြို့နှင့် ကချင်ပြည်နယ်နေပြည်သူများအနေဖြင့် အထူးသတိပြုကြိုတင်ပြင်ဆင်နိုင်ရေး သတိပေးချက်ထုတ်ပြန်အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2023

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်နိုင်သည့် အခြေအနေ ရှိနေသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များအား ဇာတ်တိုက် လေ့ကျင့်ခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2023

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်းလှူပူဇော်ခြင်း၊ ရွှေထီးတော်အထွတ်တင်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယသောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် ကျိုင်းတုံမြို့ ၊ သီလဓမ္မကုန်းသာတောရ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တကောဝိဒဝစီပိတ်ဆရာတော်တို့အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2023

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၂-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၀၇၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၅) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2023

(၂၀၂၃ ခုနှစ်၊ မေလ (၁၃)ရက်နေ့၊မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ​​​​​​​(က) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၂၄၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်ဘက် ရေမိုင်(၂၇၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်မြောက်ဘက်ရေမိုင်(၃၂၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏တောင်-အနောက်တောင်ဘက် ရေမိုင်(၃၅၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2023

​​​​​​​(၂၀၂၃ ခုနှစ်၊ မေလ (၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၅၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်ဘက် ရေမိုင် (၂၉၅)မိုင်ခန့်၊ စစ်တွေမြို့ (Sittwe)၏ အနောက်တောင်ဘက် ရေမိုင် (၃၄၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ မြောက်- အနောက် မြောက်ဘက် ရေမိုင်(၃၃၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၇၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင် လယ်ပြင် မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

ဆက်လက်ဖတ်ရှုရန်