(၂၀၂၃)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူများအနက် ပထမအကြိမ် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲ သို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများစာရင်းနှင့် ခုံအမှတ်၊ ဖြေဆိုရမည့်နေ့ရက်နှင့်နေရာကို ကျန်းမာရေး ဝန်ကြီးဌာန၏ Facebook Page(Ministry of Health, Myanmar), Website (www.moh.gov.mm), ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website (www.hrh.gov.mm), ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၊ အဆင့်မြင့်ပညာဦးစီးဌာနတို့တွင် ကြေညာထားပြီးဖြစ်ပါ၍ ကြေညာချက်ပါအချက်အလက်များကို သေချာစွာဖတ်ရှုပြီး သားဖွားသင်တန်းကျောင်း၊ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ မိမိတို့ဖြေဆိုရမည့် သတ်မှတ်နေ့ရက်များအတိုင်း မပျက်မကွက်(မပျက်မကွက်) လာရောက်ဖြေဆိုရမည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။