Jun 12, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၇ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုးညှင်းမြို့ ပင်လုံကျေးရွာအနီး၌ ပိုင်ရှင်မဲ့ Sany ဘက်ဟိုးယန္တရား နှစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀၀)ကို လည်းကောင်း၊ Sinomach ဘက်ဟိုးယန္တရား တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀၀)ကိုလည်းကောင်း၊ Matador ဘက်ဟိုးယန္တရား နှစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀၀)ကိုလည်းကောင်း၊ Hitachi ဘက်ဟိုးယန္တရား နှစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀၀)ကိုလည်းကောင်း၊ Doosan ဘက်ဟိုးယန္တရားလေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊ Hyundai ဘက်ဟိုးယန္တရားနှစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀၀)ကို လည်းကောင်း၊ Zoommlion ဘက်ဟိုးယန္တရားတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)ကိုလည်းကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၂၀၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jun 12, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 12, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jun 12, 2023
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Jun 12, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက် ကမ်းနားလမ်းနှင့် ရေတွင်းလမ်းထောင့်ရှိ ဝင်းသူဇာအရောင်းဆိုင်သို့လည်းကောင်း၊ ဆတ်ရိုးကျရပ်ကွက်ရှိ စစ်တွေခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးသို့လည်းကောင်း သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် အဆောက်အဦများ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Jun 12, 2023
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သော ညောင်တုန်း - သာပေါင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်ရှိ Valve Station နှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)၏ နှစ်ပတ်လည် အကြီးစားပြုပြင်နေမှုကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Jun 12, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာရှိ ငါးလုပ်ငန်းဦးစီးဌာနဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ အနုစိတ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Jun 12, 2023
စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမသို့ရောက်ရှိကြပြီး ခန်းမအမိုးမိုးခြင်းလုပ်ငန်းပြီးစီးမှု၊ မျက်နှာကြက်၊ ပြတင်းတံခါးများ၊ ရေ၊ မီးပြုပြင်ခြင်းလုပ်ငန်းနှင့် ခန်းမအတွင်းပိုင်းဒီဇိုင်းများ ပြင်ဆင်ဆောင်ရွက်သွားမည့်အခြေအနေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
Jun 12, 2023
စားရေရိက္ခာ ဖူလုံအဆင်ပြေခြင်းသည် ပြည်သူများရှင်သန်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသောကဏ္ဍဖြစ်သည်။ တစ်နေ့တခြား တိုးပွားလာသောလူဦးရေအတွက် စားရေရိက္ခာလောက်ငဖူလုံအောင် နိုင်ငံအများက အစဉ်ကြံဆကြိုးပမ်းဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် ရေခံ၊ မြေခံ၊ သဘာဝအခြေခံကောင်းများစွာ ပိုင်ဆိုင်ထားသဖြင့် တိုးပွားလာသောလူဦးရေအတွက် လိုအပ်မည့်စားရေရိက္ခာနှင့်ပတ်သက်၍ ပူပန်စရာမရှိပေ။
Jun 12, 2023
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ဇွန် (၃) ရက်မှ (၉) ရက် နေ့အထိ ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာမသန်စွမ်းအားကစားသမားများ ဇွန်လ ၁၀ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ လာရာ ရန်ကုန်လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည့်မြင်ကွင်းမှာ ဝမ်းမြောက်ကြည်နူးဖွယ်ပင်ဖြစ်သည်။ မသန်သော်လည်း စွမ်းဆောင်နိုင်ခဲ့ကြသည့် မြန်မာမသန်စွမ်းအားကစားသမားများက အာဆီယံနိုင်ငံများမှ ပြိုင်ဘက်များနှင့်ယှဉ်ပြိုင်ကာ မိမိတို့၏ စွမ်းဆောင်ရည်များဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။
Jun 11, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊
Jun 11, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jun 11, 2023
ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ အထူးဆေးအဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် ကျန်းမာရေးဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့်ဒေသများမှ ဒေသခံပြည်သူများအား မြို့နယ်အလိုက်သတ်မှတ်နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 11, 2023
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
Jun 11, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 11, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Jun 11, 2023
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေများသို့ ယနေ့တွင် တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။
Jun 11, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၀-၆-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁၁-၆-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၆,၇၃၀)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၈)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၈၆)ရာခိုင်နှုန်း ရှိပါသည်။
Jun 11, 2023
၁။မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
