Jun 07, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jun 07, 2023
ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကန်ကြီးထောင့်မြို့၊ အပင်နှစ်ဆယ်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၊ တကုန်းကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ပုသိမ်မြို့နယ်၊ မိုးကုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
Jun 07, 2023
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် အထူးဆေးကုသရေးအဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် ကျန်းမာရေးဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့်ဒေသများမှ ဒေသခံပြည်သူများအား မြို့နယ်အလိုက် သတ်မှတ်နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 07, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၆-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၈၂၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၀) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၀၃) ရာခိုင်နှုန်း ရှိပါသည်။
Jun 07, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jun 07, 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသသည် ဘဝနတ်ထံပျံလွန်တော်မူကြောင်း ကြားသိရသည့်အတွက် များစွာဝမ်းနည်းကြေကွဲရပါသည်။ မြန်မာနိုင်ငံ၏ဗုဒ္ဓဘာသာအသိုက်အဝန်းအတွက်သာမက ဆရာတော်ဘုရားကြီးအားကြည်ညို လေးစားကြသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီအတွက် ကြီးစွာသောဆုံးရှုံးမှုလည်း ဖြစ်ပါသည်။ ဘာသာသာသနာတော်ဆိုင်ရာမြတ်ဗုဒ္ဓ၏ဆိုရိုးစကားများနှင့် ဆရာတော်၏ ကရုဏာတရားတို့အတွက် များစွာလေးစားဂုဏ်ယူမိပါသည်။
Jun 07, 2023
အရှင်သူမြတ်ဆရာတော်ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းကို ဝမ်းနည်းစွာကြားသိရသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဉာဏ်ပညာအမြော်အမြင်နှင့်ပြည့်စုံပြီး သစ္စာသမာဓိတည်ကြည်သော နောက်လိုက်တပည့်တော်အား ထာဝရသုခချမ်းသာရပါစေကြောင်း ဆုတောင်းမေတ္တာပို့သအမျှပေးဝေ ကာ မြန်မာနိုင်ငံနှင့် နိုင်ငံအရပ်ရပ်ရှိ ကျွန်ုပ်တို့၏ဗုဒ္ဓဘာသာဝင် ညီအစ်ကိုမောင်နှမများအားလုံးထံသို့ အထူးဝမ်းနည်းကြောင်း သဝဏ်လွှာပါးလိုက်ပါသည်။
Jun 07, 2023
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက)ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်ကြီး)သည် ၂၀၂၃ ခုနှစ် မေလ ၂၅ ရက် ကြာသပတေး နေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ပျံလွန်တော်မူကြောင်းသိရှိရပါသဖြင့် ဗုဒ္ဓဘာသာဝင်ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
Jun 07, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (သက်တော် ၉၄ နှစ်၊ ဝါတော် ၇၄ ဝါ) သည် ၂၅-၅-၂၀၂၃ ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း ကြားသိရသည့်အတွက် များစွာဝမ်းနည်း ပူဆွေးရပါသဖြင့် မိမိတို့အသင်း၏အဖွဲ့ဝင်များမှ ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။
Jun 07, 2023
အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူခြင်းအတွက်များစွာ စိတ်မကောင်းဖြစ်ရပါသည်။ ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မူခြင်းသည် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာတစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင်များ အတွက် ကြီးစွာသော ဆုံးရှုံးမှုကြီးဖြစ်ပါသည်။
Jun 07, 2023
ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် အန္တိမအဂ္ဂိဈာပနပူဇော်ပွဲ ကျင်းပရေးကော်မတီ ဩဝါဒါစရိယဆရာတော်အရှင်သူမြတ် တို့ဘုရား-
Jun 07, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။
Jun 07, 2023
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက် အမှာစကားပြောကြားသည်။
Jun 07, 2023
ဧရာဝတီမြစ်၏ ရေအရင်းအမြစ်ကို အသုံးပြုပြီး စိုက်ပျိုးရေပေးဝေရေးနှင့် မြစ်ကြောင်းသွားလာမှု ပိုမိုမြန်ဆန်စေရေးတို့အတွက် ဧရာဝတီမြစ်ကြောင်း ဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 07, 2023
ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေကြ သည့် အလုပ်သမားများအား MoU U-Turn စနစ်ဖြင့် စနစ်တကျပြန်လည်စေလွှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 07, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာ - တရုတ်ခရီးသွား မြှင့်တင် ရေးအမှုဆောင်ဥက္ကဋ္ဌ Mr. David Liu နှင့် အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
Jun 07, 2023
စစ်တွေမြို့၌ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေ ကမ်းခြေတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ကမ်းနားလမ်းပြန်လည်ပြုပြင်နေမှု၊ သစ်စက်များတွင် သစ်ခွဲသားများခွဲစိတ်နေမှု၊ ဆိပ်ကမ်းများ၌ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ချ နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Jun 07, 2023
၂၀၂၃ ခုနှစ် အာဆီယံမိတ်ဖက် မီဒီယာပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် (2023 ASEAN Partners Media Cooperation Forum)ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၏မြို့တော် နန်နင်းမြို့ Li Yuan Grand Metro Park Hotel ရှိ International Convention Center တွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာနမြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
Jun 07, 2023
အဆောင်ဘာလုပ်တုံးလို့မေးတယ်၊ အဲဒီတော့ ဘုန်းဘုန်းကတရားဂုဏ်တော် ပုတီးစိပ်တဲ့အကြောင်း၊ ပြီးတော့ကျ ဂုဏ်တော်တွေပွားတဲ့ အကြောင်း၊ တစ်သောင်း နှစ်ထောင်ကုန်သော ဘုရားရှင်တို့ကိုလည်းပဲ တပည့်တော် ရှိခိုးပါ၏။ ပဉ္စသတသဟဿာနိ၊ ပဉ္စကငါး၊ သတကတစ်ရာ၊ ငါးသတ။ သဟဿာကတစ်ထောင်၊ ငါးရာနဲ့ တစ်ထောင်နဲ့မြှောက် ငါးသိန်း။ အဲဒီတော့ ပဉ္စသတ သဟဿာနိ ငါးသိန်းသော ဘုရားရှင်တို့ ကိုလည်း တပည့်တော် ရှိခိုးပါ၏။ ပေါင်းလိုက်တော့ငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရှားရှင်တို့ကို တပည့်တော်ရှိခိုးပါ၏။ ဘုရား ငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကို ရှိခိုးတဲ့ ဂါထာ၊ အဲဒါ ဆရာတော်ကြီးကပြောတယ်။ သူကငယ်ငယ်လေးကတည်းက၊ သူ ခုနစ်နှစ်သားအရွယ်ကတည်းက သမ္ဗုဒ္ဓေဂါထာ နေ့တိုင်းရှိခိုးတာ၊ ဘာအကျိုးရှိသလဲဆိုတော့ အန္တရာယ် ကင်းတယ်။ ဘေးရှင်းတယ်တဲ့။ ဆွမ်းခံသွားရင်လည်း ဘယ်တော့မှ မိုးမမိဘူးတဲ့။ မိုးရွာနေရင် သမ္ဗုဒ္ဓေဂါထာရွတ်လိုက်ရင် မိုးတိတ်သွားတယ်။ အဲဒီလို ကျေးဇူးရှိတဲ့အကြောင်း၊ အဲဒါဘယ်တုန်းကစခဲ့တာတုံး ဆိုတော့.. လွန်ခဲ့တဲ့ သင်္ချေနှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းက ဘုရင်ကြီး တစ်ပါး အုပ်ချုပ်တယ်၊ သမီးတော်လေးက ဘုံခုနစ်ဆင့်ရှိတဲ့ ပြာသာဒ်၊ ခုနစ်ထပ်တိုက်ကြီးနဲ့ နေတယ်၊ ပြာသာဒ်ဘေးဘက်များဆီကို လှည့်ပတ်ကြည့်တော့ ညနေ ၄ နာရီလောက် ဦးဇင်းလေးတစ်ပါး ဆွမ်းခံနေတယ်။