Skip to main content

(၅၁) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၃

(၅၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ယှဉ်ပြိုင်ကစားနေမှု

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်များဖြစ်သည့် အမျိုးသား(မီတာ-၁၀၀) အပြေးပြိုင်ပွဲ (လူရွေးပွဲ)၊ အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲ(ဗိုလ်လုပွဲ)၊ အမျိုးသမီးသုံးဆင့် ခုန်ပြိုင်ပွဲ(ဗိုလ်လုပွဲ)၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲ (ဗိုလ်လုပွဲ)၊ အမျိုးသမီး (မီတာ-၁၀၀) အပြေးပြိုင်ပွဲ (လူရွေးပွဲ)၊ အမျိုးသား (မီတာ-၈၀၀) အပြေးပြိုင်ပွဲ(လူရွေးပွဲ)၊ အမျိုးသမီး(မီတာ-၈၀၀)အပြေးပြိုင်ပွဲ (လူရွေးပွဲ)ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

အသင်း ၁၇ သင်းယှဉ်ပြိုင်

အဆိုပါ (၅၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဖြင့် နိုဝင်ဘာ ၂၀ ရက်ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်