Dec 15, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)၏ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်းစွမ်း ပကား မြင့်မားစေရန်အတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင် လေတပ်စခန်း ဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Dec 15, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Dec 15, 2021
“ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပသည်။
Dec 15, 2021
(၈) ကြိမ်မြောက် အာရှ-ဥရောပ ပညာရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပရာ အာရှနှင့် ဥရောပ (၄၇) နိုင်ငံမှ ပညာရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
Dec 15, 2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ စံပြ ကျေးရွာ (Smart Village) စီမံကိန်းပါ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ ခန်းမ၌အိမ်တွင်း လျှပ်စစ်သွယ်တန်းမှုပညာဖြင့် လုပ်ငန်းခွင်ဝင်ရောက် နိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်ဖွင့် လှစ်ပြီး "အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းသင်တန်း" ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Dec 15, 2021
အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၃)ကြိမ်မြောက်အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့်အကြိမ် (၂၀)မြောက် အထွေထွေညီလာခံတို့ကို ယနေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ စစ်မှုထမ်း ဟောင်းအဖွဲ့မှ ဦးစီး၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ မှ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း) ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၄ ဦး တက်ရောက်ကြသည်။
Dec 15, 2021
ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့် ကဏ္ဍပေါင်းစုံ၌ ထိခိုက်မှုများကြုံတွေ့နေရချိန်တွင် လယ်ယာ သားငါးကဏ္ဍ စိုက်ပျိုး ထုတ်လုပ်မှု နှင့် ကုန်သွယ်စီးဆင်းမှုကိုလည်း သက်ရောက်လာလျက်ရှိရာ တောင်သူ လယ်သမားများ အပါအဝင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများထိခိုက်ခံရမှု သက်သာစေရန်၊ စိုက်ပျိုးရေး ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။
Dec 15, 2021
ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင့်၀င့်မြိုင် (ပျို) ၅ဝ နှစ် (ဘ) ဦးမောင်မောင်အား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့က သေနတ်ဖြင့် အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၄ ရက်နေ့ ညဦးပိုင်း၌ ဖြစ်ပွားခဲ့သည်။
Dec 15, 2021
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ ဒုတိယဆုရ “ကေတုမောင်ညိုလင်း” ရေးသားသည့် “စစ်တောင်းမြစ်ကမ်းနံဘေးက လူငယ်ဘဝလေးများ” စာအုပ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအသင်းပေး စာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးများမှတစ်ဆင့် လည်းကောင်း၊ စာတိုက်မှတစ်ဆင့်လည်းကောင်း ပေးပို့လျက်ရှိသည်။
Dec 15, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက် (၆ / ၂၀၂၁) ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၉/၂၀၂၁) ဆုံးဖြတ်ချက်အရ နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ချေးငွေ ထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ပူးတွဲစာရင်းပါ ကုမ္ပဏီ/ လုပ်ငန်း (၂၃၂) ခုသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်သည်။
Dec 15, 2021
မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်းစာနာထောက်ထားမှုကူညီရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ၏လူသားချင်း စာနာထောက်ထားမှု အကူအညီများ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Task Force)၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Dec 15, 2021
ပြည်ကြီးတံခွန် မြို့နယ်တွင် ငွေကျပ်သိန်း ၇၉၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
Dec 15, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ လယ်ကုန်း (အနောက်)ရပ်ကွက်နေ လင်းအောင်(ခ) ဇော်မင်းလတ်၏ နေအိမ်သို့
Dec 15, 2021
မြန်မာပြည်မှာ လူမှုကွန်ရက်ယဉ်ကျေးမှုတစ်ရပ် ပေါ်ပေါက်လာတာဟာ ကောင်းသလား၊ မကောင်းဘူးလားလို့ စာရေးသူကို မေးရင်တော့ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာရယ်လို့ပဲ ဆိုရမယ်ဗျ။ ဉာဏ်ပညာနဲ့ယှဉ်ပြီး အသုံးမပြုတတ်တော့ ကောင်းကျိုးက နည်းနည်း ဆိုးကျိုးက ပိုများနေသလားလို့ပါ။
Dec 15, 2021
မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Dec 15, 2021
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ “သီတာဆန်း” ဘော်ဒါဆောင်၌ လက်လုပ်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
Dec 15, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က နေအိမ် ၄ လုံးအား မီးရှို့ပြီး အမျိုးသား ၅ ဦးအား သတ်ဖြတ်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ အခြေအနေအား သွားရောက်ထိန်းသိမ်းဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Dec 15, 2021
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကိုပါ ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။
Dec 15, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာတို့သည် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် ကိုယ်ပွားသတင်းစာတိုက်တို့ကို သွားရောက် ကြည့်ရှုကြသည်။
Dec 15, 2021
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက စွန့်ပစ်အမှိုက်များမှ မြေဆွေးထုတ်လုပ်နိုင်ရန် ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်ကြမ်းတောင် အမှိုက်ကျင်းနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။