Skip to main content

Dec 14, 2021

ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရ အဖွဲ့ရုံးဧည့်ခန်းမ၌ ပြုလုပ်ကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2021

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2021

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2021

နေပြည်တော် ဒီဇင်ဘာ ၁၃ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၈/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2021

မိမိတို့မြန်မာလူမျိုးများသည် မျိုးရိုးဗီဇအားဖြင့် အမျိုးသားရေးလက္ခဏာများကို အစဉ်လေးစား တန်ဖိုးထားကြသူများဖြစ်သဖြင့် အမျိုးသားရေးလက္ခဏာများကို ဆက်လက်ထိန်းသိမ်းမြှင့်တင် သွားကြရန် လိုအပ်ကြောင်း၊ အမျိုးသားရေးလက္ခဏာနှင့် အမျိုးသားယဉ်ကျေးမှုများ လျော့နည်း လာမည်ဆိုပါက မျိုးချစ်စိတ်ဓာတ်သည်လည်း တိမ်ကောပျောက်ကွယ်သွားမည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ် ဓာတ်ကင်းမဲ့ခြင်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် အကြီးမားဆုံးသော အန္တရာယ် ဖြစ်သည်” ဟု စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၃) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က မိန့်ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2021

၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီးက ကမ္ဘာ့သမိုင်းကို ပြောင်းလဲ စေခဲ့သည်။ ထိုစဉ်က ကမ္ဘာ့အင်အားကြီး နိုင်ငံများ အုပ်စုနှစ်စုဖြစ်သည့် မဟာမိတ်နိုင်ငံများနှင့် ဝင်ရိုးတန်း နိုင်ငံများက ကမ္ဘာ့တိုက်ကြီးများရှိ နေရာအသီးသီးတို့တွင် စစ်မျက်နှာဖွင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး နယ်ချဲ့ လက်ဟောင်းနှင့် လက်သစ်နိုင်ငံအုပ်စုများ အင်ပါယာစားခွက် လုကြသည့် စစ်ပွဲအဖြစ် အခြားရှုထောင့်မှနေ၍ ရှုမြင်ခဲ့ကြသည်လည်းရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG အဖွဲ့များသည် နိုင်ငံရေးအမည်ခံ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုမရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုမည့် လက်နက်၊ ခဲယမ်းများကိုလည်း နည်းမျိုးစုံဖြင့် နိုင်ငံအတွင်းပို့ဆောင်၍ အများပြည်သူ ယုံကြည်ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီး ကျောင်းအချို့တွင် သိုဝှက်သိမ်းဆည်းခြင်း၊ ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှုကို အလွဲသုံးစား ပြုလုပ်၍ အကြမ်းဖက်လုပ်ငန်းများကို အားပေးခြင်း၊ ကိုယ်တိုင်ပြုလုပ်ခြင်းများ လုပ်ဆောင်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

အာရပ်စော်ဘွားများနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ကျင်းပသော အာဆီယံနိုင်ငံများရှိ သမုဒ္ဒရာများ ရေရှည်တည်တံ့စေရေးဆိုင်ရာ အဆင့်မြင့် ဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးတင်ထွဋ်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ (၉) ရက်တွင် ဒူဘိုင်းကုန်စည်ပြပွဲတွင် ပြသထားသည့် ပြခန်းများ နှင့် ပြည်ထောင်စု အာရပ်စော်ဘွားများ နိုင်ငံအစိုးရ ရာသီဉတုပြောင်းလဲ ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန မှ ကြီးမှူးကျင်းပသည့် အရှေ့ အလယ်ပိုင်း ဒေသနှင့် အာဖရိကဒေသစားနပ်ရိက္ခာဖူလုံရေးအတွက်ရည်ရွယ်ကျင်းပသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AgraMe AquaMe ပြခန်းများကို သွားရောက်ကြည့်ရှုလေ့လာပြီး ပြခန်းတာဝန်ခံများ၊ နည်းပညာ ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏လက်ရှိ စိုက်ပျိုးမွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ နည်းပညာရပ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကိုလေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် မြဝတီကုန်သွယ်ရေး ဇုန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီ (၅)ခု၊ ယာဉ်စီးရေ (၁၂)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် တန် (၂၀) ၊ အောက်ဆီဂျင်(အိုးခွံ) (၂၃၈)ခု၊ လက်အိတ်(၁၀)တန်နှင့် နှာခေါင်းစည်း (Mask) တန် (၆၀) တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁)စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၆၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပသည့် မြန်မာ့သိုင်းဒိုင်လူကြီးနှင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မြန်မာ့မီးရထား၊ ယန္တရားအလုပ်ရုံ (မလွှကုန်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ ဒီဇင်ဘာ (၁၂)ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ အမှတ်(၄)အထည် စက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်လင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တောင်ဥက္ကလာပ မြို့နယ်(၁၀)ရပ်ကွက် သုမင်္ဂလာလမ်းရှိ ပဒေသာအားကစားကွင်းသို့ သွားရောက်၍ ၂၀၂၂ခုနှစ်တိုင်းနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေသည့် ရန်ကုန် တိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသမီး ဘောလုံး အသင်းနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံ သက်လုံသင်တန်းကျောင်းမှ ဘောလုံး အသင်းတို့ ခြေစမ်းပွဲ ကန်နေမှုကို ကြည့်ရှုအားပေးပြီး အလှူငွေများနှင့် လေ့ကျင့်ရေး ဝတ်စုံများ ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းလောင်းအခြေခံ၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၈) သင်တန်းဖွင့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများ သည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ် ဆည်းကပ်ရာ ရဟန်းသံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို ရက်စက်ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေး အဆောက်အဦများ၊ နေအိမ်အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြေတုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ သည် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဆေးရုံ၊ စာသင်ကျောင်းများ၊ နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ဖွဲတိုက်ခိုက်ဖျက်ဆီးခြင်း၊ ရက်စက် ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ အရွယ်မရောက် သေးသည့် ကလေးသူငယ်များကိုပါ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်လာစေရန် သွေးထိုး မြှောက်ပင့်၍ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် စေခိုင်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

CRPH နှင့် NUG အမည်ခံ NLD ထောက်ခံအကြမ်းဖက်အဖွဲ့ အစည်းများသည် အလုံးစုံပျက်သုန်းရေး ဦးတည်ချက် များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောက်တရားဖြင့် လွှမ်းမိုးထိန်းချုပ်ရန်အတွက် အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊

ဆက်လက်ဖတ်ရှုရန်

Dec 13, 2021

နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ် ဖမ်းဆီးခြင်းများအား နေ့/ညမပြတ်ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ နိုဝင်ဘာလ ၁၅ ရက်တွင် မိုးကုတ်မြို့၊ လယ်ဦးရပ်ရှိ မိညောင်(ခ)ညီညီအောင်၏ နေအိမ်တွင်မိုးကုတ် PDF အကြမ်းဖက် အဖွဲ့ဝင်များ ရောက်ရှိနေကြောင်းသိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ တရားခံ အောင်ကိုဝင်း (၂၀)နှစ်အား KA-25 သေနတ် ခြောက်လက်၊ ကျည်အိမ် ခုနစ်ခု၊ ကျည် ၂၅၀ တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး နှစ်လုံး၊ အီကွေ့မန့် ခြောက်စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ အောင်ကိုဝင်း၏ ထွက်ဆိုချက်အရ မိုးကုတ်မြို့၊ လယ်ဦးကျေးရွာ၊ သံလွင်တောင်ရပ်ရှိ တောင်ယာတဲ၌ KA-25 သေနတ် နှစ်လက်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်