Dec 16, 2021
မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း Cutting၊ Making၊ Packaging (CMP) လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 16, 2021
မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်းစီမံကိန်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 16, 2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 16, 2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Dec 16, 2021
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ ၂၀၂၁ ခုနှစ် စတုတ္ထ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
Dec 16, 2021
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ခဲ့၍ ဒဏ်ရာရရှိခဲ့သူ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းအား ကလေးမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသရန် လူနာတင်ယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါအကြမ်းဖက်အဖွဲ့က လူနာတင်ယာဉ် အား ပစ်ခတ်တားဆီးကာ ဦးစီးအရာရှိအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
Dec 16, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံ ရှိသူများ၊ ကယ်ဆယ်ရေးစခန်း များ၊ ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက် တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့်ဦးတည် အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း များကို အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိသည်။
Dec 16, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဒေါ်အေး နုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ လောက နန္ဒာစေတီတော် သာသနာ့ ဗိမာန်တော်၌ ပြည်နယ် ဩဝါဒါစရိယဆရာ တော်ကြီးနှင့် ပြည်နယ်သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးတို့ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညို ကြသည်။
Dec 16, 2021
(၇၄)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြု စစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်း ဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Dec 16, 2021
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့်တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်း ဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
Dec 16, 2021
ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်(ပျို) ၅၀ နှစ် (ဘ) ဦးမောင်မောင်အား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့က သေနတ်ဖြင့် အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၄ ရက်နေ့ ညဦးပိုင်း၌ ဖြစ်ပွားခဲ့သည်။
Dec 16, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီနှင့် ဒေါက်တာမျိုးသိန်းကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Dec 16, 2021
ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအပေါ်ဆိုးရွားစွာ ထိခိုက်စေ နိုင်စေကြောင်းကို ဆေးလိပ် သောက်သူအား လုံးလိုလိုက သိကြသည်။ သို့ရာတွင် ချက်ချင်းလက်ငင်း ကျန်းမာရေးထိခိုက်မှုကို မတွေ့ရ ခြင်းနှင့် ကျန်းမာရေးထိခိုက်သူများကို တွေ့ရသည့်တိုင် ဆေးလိပ် ကြောင့်ဟူ၍ ပေါ်လွင် ထင်ရှားစွာ မတွေ့ရခြင်းတို့ကြောင့် အလေး အနက်မရှိကြ။ တစ်ဖက်တွင်လည်း ဆေးလိပ်ထုတ် လုပ်သည့် လုပ်ငန်းသည် အကျိုးအမြတ်ကြီးမားစွာ ရရှိသည့်လုပ်ငန်းဖြစ်ခြင်း ကြောင့် ဈေးကွက်တွင် ဆက်လက်ရပ်တည်နေနိုင်ရေးအတွက် ဆေးလိပ်ကုမ္ပဏီကြီးများက နည်းလမ်းပေါင်း စုံဖြင့် ကြိုးပမ်း နေခြင်းကြောင့်လည်း ဆေးလိပ်သောက်သူများ အသစ်အသစ်ပေါ်ပေါက် လျက်ရှိသည်။
Dec 16, 2021
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG တို့သည် ဒီမိုကရေစီနိုင်ငံရေး အမည်ခံပြီး ၎င်းတို့၏ အကျိုးစီးပွားအတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေး၊ တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရေးနှင့် အုပ်ချုပ်ရေးယန္တရား မလည်ပတ်စေရေး ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်အဖျက်လုပ်ရပ်များကို ကြံစည် လုပ်ဆောင် လျက်ရှိရာ ပြည်တွင်းမှ PDF အမည်ခံ အကြမ်းဖက်သမားများကို အားပေးထောက်ပံ့ သွေးထိုး လှုံ့ဆော်ပေးလျက်ရှိသည်။
Dec 15, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)၏ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်းစွမ်း ပကား မြင့်မားစေရန်အတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင် လေတပ်စခန်း ဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Dec 15, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Dec 15, 2021
“ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပသည်။
Dec 15, 2021
(၈) ကြိမ်မြောက် အာရှ-ဥရောပ ပညာရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပရာ အာရှနှင့် ဥရောပ (၄၇) နိုင်ငံမှ ပညာရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
Dec 15, 2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ စံပြ ကျေးရွာ (Smart Village) စီမံကိန်းပါ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ ခန်းမ၌အိမ်တွင်း လျှပ်စစ်သွယ်တန်းမှုပညာဖြင့် လုပ်ငန်းခွင်ဝင်ရောက် နိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်ဖွင့် လှစ်ပြီး "အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းသင်တန်း" ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Dec 15, 2021
အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၃)ကြိမ်မြောက်အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့်အကြိမ် (၂၀)မြောက် အထွေထွေညီလာခံတို့ကို ယနေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ စစ်မှုထမ်း ဟောင်းအဖွဲ့မှ ဦးစီး၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ မှ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း) ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၄ ဦး တက်ရောက်ကြသည်။