Skip to main content

နေပြည်တော်ကောင်စီနယ်မြေအတွင်း အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ စံပြ ကျေးရွာ (Smart Village) စီမံကိန်းပါ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ ခန်းမ၌အိမ်တွင်း လျှပ်စစ်သွယ်တန်းမှုပညာဖြင့် လုပ်ငန်းခွင်ဝင်ရောက် နိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်ဖွင့် လှစ်ပြီး "အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းသင်တန်း" ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကို ဦးတည်ကြိုး ပမ်းဆောင်ရွက်ရန်နှင့် သော်မှော်ကုန်းကျေးရွာ ကိုလည်း  ခေတ်မီစံပြကျေးရွာ (Smart Village) အဖြစ် ထူထောင်နိုင်ရန် ကြိုးပမ်းနေပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပညာပေး သင်တန်းများ ဖွင့်လှစ်ပေးနေခြင်းသည် စံပြကျေးရွာဖြစ်လာရန် ဆောင်ရွက်ပေးခြင်း၏ အစိတ်အပိုင်း တစ်ခုပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နည်းပညာပေး သင်တန်းများ ဖွင့်လှစ် ပေးခြင်းဖြင့် ကျေးရွာ နေပြည်သူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်လာ နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အပြင် လူမှုစီးပွားဘဝမြင့်တက်လာပြီး ခေတ်မီစံပြ ကျေးရွာကြီး ဖြစ်လာမည်ဟု မျှော်မှန်းပါကြောင်း၊ သင်တန်းတက်ရောက်လာကြသည့် ကျေးရွာသားများ အနေဖြင့် ယခုသင်တန်းက ပို့ချပေးသော နည်းပညာများကို အလေးထားသင်ယူကြရန် အလေးအနက်ထား တိုက်တွန်း ပြောကြား လိုပါကြောင်း၊  ထို့အပြင် သင်တန်းပြီးဆုံးသည့် အခါ ကိုယ်ပိုင်လုပ်ငန်း ထူထောင်လိုသူများကို လိုအပ်မည့် အရင်းအနှီးများ၊ ပစ္စည်းများ မတည်ကူညီပေးရန်ဌာနများကို မှာကြားထားပြီး ဖြစ်ပါကြောင်း၊ သော်မှော်ကုန်း ကျေးရွာ တွင် နေထိုင်ကြသူများအနေဖြင့် မိမိတို့ရွာကို ခေတ်မီစံပြကျေးရွာကြီးဖြစ်လာရန် ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မိမိနိုင်ငံနှင့် လူမျိုးကိုချစ်သည့်စိတ်နှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးမှုဆောင်ရွက်ရာတွင် ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး လာစေရေးကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေရှိ စံပြကျေးရွာ (Smart Village) ထူထောင်ရေး ဆောင်ရွက်သည့်နေရာတွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့် နှစ်စဉ် ကျေးလက်မီးလင်းရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ပေး လျက်ရှိရာ သော်မှော် ကုန်းကျေးရွာတွင် လျှပ်စစ်မီး ရရှိပြီးဖြစ်သည့်အတွက် အခြေခံ အိမ်တွင်းလျှပ်စစ်သွယ်တန်း နည်းပညာသင်တန်း ပြီးဆုံးပါက အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ ကျေးရွာလိုအပ်ချက်များကိုလည်း ဌာနများမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ကျေးရွာသူ/ သားများ၊ ရပ်မိ/ ရပ်ဖများအနေဖြင့် ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး စေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သော်မှော်ကုန်းကျေးရွာ မြစိမ်းရောင် စီမံကိန်းချေးငွေ ထုတ်ချေး ပေးနေမှုကိုလည်းကောင်း၊ သမဝါယမစနစ်ဖြင့် ဝက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းလက်မှု ဆပ်ပြာလုပ်ငန်း ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ ကျေးရွာမူလတန်း လွန်ကျောင်းကိုလည်းကောင်း  လှည့်လှည်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆောင် ရွက်နေမှု များအပေါ် လိုအပ်သည် များ ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။

စံပြကျေးရွာစီမံကိန်းအနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုးပြီး ဝင်ငွေတိုးပွားရေး၊ ကျေးလက်နေပြည်သူများရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)