Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်းရပ်ကွက်အနီး သုခတော်ဝင်အိမ်ရာ စီမံကိန်း တည်ဆောက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်သည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်း ရပ်ကွက်အနီး လမ်းလုပ်ငန်းများ၊ ရေမြောင်းများ ဆောင်ရွက်နေမှုနှင့် သုခတော်ဝင်အိမ်ရာစီမံကိန်း တည်ဆောက်နေမှုများ ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်က ဒက္ခိဏသီရိမြို့နယ် ရွှေအင် ကြင်း ရပ်ကွက်အနီးနေ ပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်နေသည့် လမ်းလုပ်ငန်းနှင့် Box Culvert များ စနစ်တကျ ဆောင်ရွက်ကြရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ရေမြောင်းများ ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား- တောင်ညို လမ်းဘေး (မြို့မဈေးအနီး)ရှိ သုခတော်ဝင်အိမ်ရာ (Food Shop) ဆိုင်ခန်း တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အိမ်ရာတိုက်ခန်းများ တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ရေပေးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်