နေပြည်တော် ဇန်နဝါရီ ၂၃
ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် မြန်မာနိုင်ငံ ပြည်သူများသို့ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁၇ သန်း တန်ဘိုးရှိ Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)သန်း doses မှ ပထမအသုတ် (၁)သန်း doses သည် ဇန်နဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ခဲ့ပြီး ဒုတိယအသုတ်အဖြစ် ကာကွယ်ဆေး (၁)သန်း doses သည် QATAR Airways Flight QR-8920 လေယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယနေ့ ထပ်မံရောက်ရှိလာသည့် Covaxin ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း (central cold room) တွင် အအေးလမ်း ကြောင်း မပျက်သိုလှောင်ထားရှိမည်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် များတွင် ဦးတည်အုပ်စုများသတ်မှတ်၍ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေဖြင့် ဇန်နဝါရီ (၂၂) ရက်အထိ လူဦးရေ (၁၈ ဒသမ ၂၅)သန်း ကို အကြိမ်ပြည့်ထိုးနှံပေးခဲ့၍ (၃ ဒသမ ၄၉)သန်းကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်နှင့်အထက်ထိုးနှံပြီးသူ စုစုပေါင်း (၂၁ ဒသမ ၇၄)သန်းခန့် ရှိပြီ ဖြစ်သည်။ သို့ဖြစ်ပါ၍ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ သန်း (၄၀) doses ကို ထိုးနှံပြီးဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဝယ်ယူခြင်းမှ (၄၅) သန်း doses နှင့် လှူဒါန်းမှုမှ (၁၅)သန်းကျော် doses စုစုပေါင်း သန်း (၆၀) ကျော် doses ရရှိပြီးဖြစ်သည်။
မိဘပြည်သူများအနေဖြင့် မိမိအတွက်ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မပျက် မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုရရှိထားသူများ အနေဖြင့် လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံး သတ်မှတ် ကာလအတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင်တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
(သတင်းစဉ်)