Mar 21, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့ နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ် / ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ် မှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး တို့အတွက် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
Mar 21, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့် မြင့်ပညာဦးစီးဌာန တက္ကသိုလ်များမှ ပါမောက္ခချုပ်များအား ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ် တွေ့ဆုံသည်။
Mar 21, 2022
နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ကျင်းပသော ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Mar 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 21, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အာဆီယံ အတွင်းရေးမှူးချုပ် H.E Dato Lim Jock Hoi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 21, 2022
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သစ်တောသုတေသနဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
Mar 21, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်းနှင့် အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဒါတိုလင်ကျောက်ဟွိုင်တို့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 21, 2022
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလှိုင်သည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်းနှင့် အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဒါတိုလင် ကျောက်ဟွိုင်တို့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 21, 2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက် ဝိဇ္ဇောတာရုံစာသင်တိုက်၏ ဦးစီးပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ ဓမ္မသေနာပတိ ပန္နရသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဝိဇ္ဇောတ မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၃) နှစ်၊ သိက္ခာတော်(၇၃)ဝါအရ ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၄) ရက်၊ ခရစ်နှစ် ၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
Mar 21, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ မတ် ၂၀ ရက် ညနေပိုင်းက ကော့သောင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်ဖြစ်သည့် မြို့မတံတားသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ
Mar 21, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မတ် (၁၉) ရက်နှင့် (၂၀) ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက်ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတွင်ပါဝင်သော လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
Mar 21, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီတို့ ပါဝင် သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၈/၂၀၂၁ (ပဲခူး)၊ ၉/၂၀၂၁ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုတို့ကို စီရင်ချက် ချမှတ်သည်။
Mar 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn နှင့် အာဆီယံ အတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 21, 2022
နိုင်ငံတိုင်းတွင် တစ်ခုတည်းသော တပ်မတော်တစ်ရပ်ရှိသည်။ တပ်မတော်တိုင်းသည် မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်၏ အဓိက တာဝန်မှာ ကာကွယ်ရေးတာဝန်ဖြစ်သည်။ တိုင်းပြည်တစ်ပြည်၌ လူမျိုး၊ နယ်ပယ်၊ အစိုးရ၊ အချုပ်အခြာအာဏာဟူသည့် အင်္ဂါရပ်လေးခုရှိရာ ထိုအင်္ဂါရပ်လေးခုကို ထိပါးလာသည့် အန္တရာယ်ဟူသမျှအား တပ်မတော်သည် ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်။
Mar 21, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 21, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ( ရဲမှူးကြီး သက်လွင်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ရောက်ရှိရာ သျှစ်သောင်းပုထိုး တော်ကြီးအဝင် မုခ်ဦးရှိ အာရှ - ပစိဖိတ် ဒေသ မှတ်တမ်းအမွေ အနှစ်စာရင်းဝင် အာနန္ဒစန္ဒီ ကျောက်စာတိုင်ကို လေ့လာကြည့်ရှုပြီး ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း တင်သွင်းထားဆဲဖြစ်၍ စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရန်နှင့် အာနန္ဒစန္ထ ကျောက်စာနှင့် ပတ်သက်၍ ဝေသာလီခေတ် အေဒီ ၄ ရာစုမှ အေဒီ ၁၀ ရာစုအထိခေတ်အဆက်ဆက် ရေးထိုးခဲ့သည်ကို ပြည်သူလူထု သိရှိနားလည်စေရေး ပြည့်ပြည့်စုံစုံ ဖော်ပြပေးရန် မှာကြားသည်။
Mar 21, 2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်ရှိ ပရိယတ္တိစာသင်တိုက်၌ ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ တိလောကဘိဝံသ ဆရာတော်ဘုရားကြီး သက်တော် (၈၃) နှစ် ပြည့် ဝိဇာတ မွေးနေ့မင်္ဂလာနှင့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဂုဏဝိသိဋ္ဌ ပူဇော်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိမဟာနာယက ရွေကျင်ဂိုဏ်းလုံးဆိုင်ရာ ဥပအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 21, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Mar 21, 2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်း၊ ဝိဇ္ဇောတာရုံစာသင်တိုက် ဦးစီးပဓာန နာယက ရွှေကျင်နိကာယဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ၊ ပန္နရသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု အဘိဓဇမဟာအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက နိုင်ငံတော် ဩဝါဒါစရိယ ဝိဇောတာရုံ ဆရာတော်ဘုရားကြီးသည် ယနေ့နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။