Skip to main content

Mar 25, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများအား ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဝန်ကြီးဌာန၊ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့အား နေပြည်တော် ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

၇၇ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မိတ္ထီလာမြို့နယ် စည်ပင်သာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မြို့ရေ ပေးရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ ရေပေးရေးစီမံကိန်း Water Treatment Plant နေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၁၀ နာရီတွင် ဥရောပအာရှ စီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းသည် ယနေ့မွန်းလွဲ ၁ နာရီ က မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရေးအတွက် ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစား စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား ယနေ့နံနက် ၁၁နာရီ PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရဲစခန်း၏ တောင်မှ မြောက်သို့ မောင်းနှင်လာကာ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲခြင်းမရှိသေးသည့် လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် အများပြည်သူအသက်အန္တရာယ် မရှိစေရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum- SEANF) ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး (1st Technical Working Group Meeting)ကိုဖိုရမ်၏၂၀၂ခုနှစ်အတွက်အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ လူ့ အခွင့်အရေးကော်မရှင် က ဦးဆောင်၍ မတ် ၂၃ ရက်မှ ၂၄ ရက်အထိ virtual online platform အသုံးပြု၍ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပုလင်းသွင်းဖြည့်တင်းနိုင်ခြင်း အောင်မြင်မှုအသီးအပွင့်အဖြစ် ကာကွယ်ဆေး စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်းအခမ်းအနားကို မတ် ၂၃ ရက်တွင် မင်္ဂလာရှိစွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ Sinopharm ကာကွယ်ဆေး ပုလင်းသွင်းဖြည့် တင်းခြင်း (Full-Finish) ကို အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ငါးနိုင်ငံမှ ဆောင်ရွက် နိုင်ခဲ့ပြီး စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင် ရွက်မှုဖြင့် MYANCOPHARM ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထုတ်လုပ်နိုင်မှုသည် သမိုင်းမှတ် တိုင်တစ်ခုအဖြစ် ပေါ်ထွန်းခဲ့ပြီဖြစ်ရာ မြန်မာ့ဆေး လောက၏ ရွှေရောင်လွှမ်းသော နေ့တစ်နေ့အဖြစ် ကမ္ပည်းတင်ကျန်ရစ်တော့မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ် မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အနုပညာရှင်များက ဂီတဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်းထောင်ချီ အေးအတူ ပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့ကြသည်။ နှစ်ပေါင်းထောင်ချီကာလအတွင်း တိုင်းပြည် အန္တရာယ်ရန်စွယ်များကို တိုင်းရင်းသား လူမျိုးများသည် သတ္တိစွမ်းရည်ပြည့်ဝစွာဖြင့် အတူပူးပေါင်းလက်တွဲ တွန်းလှန်ကာကွယ်ခဲ့ကြသည်။ ၁၉ ရာစု ကာလတွင် ကမ္ဘာကြီးသည် တိုးတက်ပြောင်းလဲလာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

မြန်မာနှစ်ဆန်းတစ်ရက်နေ့ (၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်) တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် ပြသသွားတော့မည်ဆိုသော သတင်းက ရုပ်ရှင်ချစ်ပရိသတ်များနှင့် ရုပ်ရှင်လောကသား အားလုံးတို့အတွက် မင်္ဂလာသတင်းပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် နိုင်ငံရေး အပြောင်းအလဲတို့တွင် လုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည့် မြန်မာ့ရုပ်ရှင်မှာ ဒဏ်ရာအနာတရ များစွာနှင့် အထိနာခဲ့ရသည်။ ရုပ်ရှင်ထုတ်လုပ်မှုလုပ်ငန်း (Film Industry) ၏ အလွှာ အသီးသီးတွင်

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂)ကြိမ် မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေး ဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာ များ၏ သိရှိလို သည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄)မှ တာဝန်ယူ တည်ဆောက် ပြီးစီးသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီ မောတောင်လမ်းပေါ်ရှိ အရှည်ပေ ၇၈၇ ပေ ၊ ဗောဓိကမ်း တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးတရ်(၁/၂)ရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုဇယားများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့တွင် ဟားခါးမြို့၊ မြစ်သစ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)တို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဖက်အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များပါဝင်သော ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့က ဦးဆောင် ၍ နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ ညနေပိုင်းတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပသော “ဆီးနှင်းနှင့် တောင်တန်းဒေသခရီးသွားလုပ်ငန်းဆိုင်ရာ (၁၁) ကြိမ်မြောက် ကမ္ဘာ့ ညီလာခံ” သို့ ဝန်ကြီးဌာန၊ နီလာခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်၊ ရန်အောင်မြေကြိုးဝိုင်း၊ အကွက် အမှတ်(၁၃)ရှိ ၂၀၂၂ ခုနှစ်၊ မိုးအကြို လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးမည့် မြေနေရာ (၆ ဒသမ ၈) ဧကကို ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက ပန္နက်စိုက်ထူပြီးစီးမှု၊ ကျင်းတူးခြင်း၊ နွားချေး၊ မြေဆွေးထည့်ခြင်း၊ ကျင်းဖို့ခြင်း ဆောင်ရွက်မည့် အစီအမံများ၊ မြေပြိုရေတိုက်စားနိုင်သည့် နေရာများတွင် ဗာတီဗာမြက် စိုက်ပျိုးမည့်အခြေအနေ၊ ကွန်တိုကန်သင်းအလိုက် သရုပ်ပြစိုက်ပျိုးမည့် အစီအစဉ်၊ ကျောက်စီ နှုန်းထိန်းတမံ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေး သမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက် ဥရောပအာရှ စီးပွားရေး ကော်မရှင်၊ အကြီးစားစီးပွားရေးလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး အတွင်းရေး မှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သော စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ကို ရုံးအမှတ် (၁) ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်