Mar 19, 2022
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး၊ (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးနှင့် (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြသည့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင် လေဆိပ်မှ နေပြည်တော်လေဆိပ်သို့ တပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြသည်။
Mar 19, 2022
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျသံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်) လာ အယ်လ်စုတိုင်အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 19, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျသံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်) လာ အယ်လ်စုဘိုင်အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
Mar 19, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ရှိ တပ်နယ်ခန်းမ၌ ကလောတပ်နယ်မှ အရာရှိ/စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားသည်။
Mar 19, 2022
ယနေ့ မတ်လ(၁၉) ရက်နေ့တွင် ကျရောက်သော (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ မင်္ဂလာ အခါသမယ၌ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား သွေးချင်းညီအစ်ကို မောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား မိဘပြည်သူညီအစ်ကိုမောင်နှမများ အားလုံး ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
Mar 19, 2022
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ NLD ပါတီ ထောက်ခံသူ အစွန်းရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ ဉပဒေမဲ့ခြိမ်းခြောက် လူသတ်မှု၊ မိုင်းထောင် ဖောက်ခွဲမှု၊ မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိမိတို့၏ အသက်အန္တရာယ် လုံခြုံစိတ်ချရသည့် နေရာများတွင် ခေတ္တနေထိုင်နေကြသူများအား နေထိုင်စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်တည်ထောင်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Mar 19, 2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များနေ ကောင်းကောင်း (ခ) ကောင်းမြတ်(ခ) စောကောင်းမြတ် (ခ) ဖြိုးမောင်မောင်(ဘ)ဦးရဲမြင့်၊ ဖြိုးကျော်ဇင် (ခ) ကိုဖြိုး(ဘ)ဦးအောင်ကျော်စိုး၊ ရဲလင်းစိုး(ခ) ကိုလင်း (ဘ) ဦးလှအုန်း၊ ရဲနိုင်(ခ) ကိုရဲ(ဘ) ဦးသန်းဇော်ဦး၊ လင်းလင်းထက်(ခ) ထက်ကြီး (ဘ)ဦးကျော်ဆွေ၊ ပြည့်ဖြိုးသူ (ခ) လူကာ(ဘ)ဦးပြည့်စုံဝင်း၊ ဇော်မင်းထွန်း(ခ) ကိုဇော်(ဘ) ဦးချစ်စိန်နှင့် ဇော်ကိုကို (ဘ)ဦးတင်ဝင်းတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ သောင်ကြီးနယ်မြေရဲစခန်းအား ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူများ သွားလာလျက်ရှိသည့်နေရာများ၊
Mar 19, 2022
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် မြောက်ခင်ရန်းကျေးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ လူနေအိမ်များ မီးရှို့ဖျက်ဆီး၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
Mar 19, 2022
မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပြည်သူထဲမှ ပေါ်ပေါက်လာသော တပ်မတော်ဖြစ်သည်။ ၂၀ ရာစုအစတွင် ဗြိတိသျှကိုလိုနီ လက်အောက်သို့ကျရောက်ခဲ့သော မြန်မာနိုင်ငံအား နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းအားထုတ်ရင်း ဗမာ့ လွတ်လပ်ရေးတပ်မတော်ဟူ၍ စတင်သန္ဓေတည်ခဲ့သည်။ ထိုမှတစ်ဆင့် ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး လွတ်လပ်ရေးရသောအခါ မြန်မာ့တပ်မတော်အဖြစ် ပြောင်းလဲခဲ့သည်။
Mar 19, 2022
မြန်မာနိုင်ငံတွင် လူငယ်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အကျုံးဝင်သော အသက် အပိုင်းအခြားမှာ ၁၅ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်သည်။ ယင်းအသက်အပိုင်းအခြားအတွင်းရှိသော လူငယ်များက မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိသည်။ မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် မျှော်မှန်းတည်ဆောက်လျက်ရှိရာတွင် ယနေ့ လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဆက်လက်တာဝန်ယူ သွားကြရမည့်သူများ ဖြစ်သည့် အလျောက် လူငယ်ပြုစုပျိုးထောင်ရေး၊ လူငယ်ဖွံ့ဖြိုးရေးတို့ကို စဉ်ဆက်မပြတ် ပြုလုပ်သွားရန် လိုအပ်သည်။
Mar 18, 2022
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာ စုပေါင်းရေပေးရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝါးလီးကျေးရွာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Mar 18, 2022
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးဒေါက်တာ ဇော်မြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်စိုးဝင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ဆောင်၊ အိပ်ဆောင်များ တည်ဆောက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ တက္ကသိုလ် မိုးလုံလေလုံ အားကစား ခန်းမနှင့် တက္ကသိုလ် ဘောလုံးကွင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ အရည်အသွေး ကောင်းမွန်ရေး၊ အချိန်မီပြီးစီးရေးနှင့်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
