Jun 21, 2022
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင် ကျေးရွာအနီးရှိ အမျိုးသားညီလာခံကျင်းပရာ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ရာတွင် လက်ရာသေသပ် ကောင်းမွန်ရေး၊ အဆောက်အအုံ ပတ်လမ်းနှင့် အဝင်အထွက်လမ်းများ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့် သတ်မှတ်ချိန် လုပ်ငန်းများ ပြီးစီးရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။
Jun 21, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယကအဖွဲ့၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် နေပြည်တော်ရုံးအမှတ် (၄၇) တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Jun 21, 2022
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းသည် ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း)သို့ သွားရောက်စစ်ဆေးသည်။
Jun 21, 2022
၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် မြေပြင်အတတ်သင်လေတပ်စခန်းအား ကစားကွင်း၌ ပြုလုပ်ရာ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Jun 21, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၈)ရပ်ကွက် ကျန်စစ်သား လမ်းပေါ်ရှိ မြန်မာ-ကိုရီးယားချစ်ကြည်ရေးသင်တန်းကျောင်းသို့ သွားရောက်ပြီး ၂၀၁၉ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ကာလ အထိ သင်တန်းကျောင်းတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း၊ အဘိဓမ္မာ အခြေခံသင်တန်း၊ ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းလာသဖြင့် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်နှင့် အဆောက်အအုံပျက်စီးမှုများရှိပါကလည်း လိုအပ်သည်များ ပြန်လည် မွမ်းမံ ထားရှိရန် တာဝန်ရှိသူများသို့ မှာကြား၍ အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Jun 21, 2022
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် ကျောက်တိုင်အားကစားကွင်း၌ပြုလုပ်ရာ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Jun 21, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အဖွဲ့ဝင်ဦးအောင်စောဝင်းနှင့် ဒေါ်နုမြဇံတို့နှင့်အတူ ယမန်နေ့နံနက်တွင် သံတွဲမြို့သို့ရောက်ရှိပြီး ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတည်ဆောက်မည့် မြေနေရာများဖြစ်သည့် အမှတ်(၂)ရပ်ကွက် စီမံကိန်းလမ်းရှိ မြေနေရာနှင့် အမှတ်(၈)ရပ်ကွက် ဒွါရာဝတီတံတားဦးခရိုင်အားကစားကွင်းရှိ မြေနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 21, 2022
မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံကျောင်းများ ပညာသင်ကြားရာတွင် စိတ်ချမ်းမြေ့စွာ သင်ကြားနိုင်ရေးအတွက်လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်ရန်အတွက်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ သူနာပြုတက္ကသိုလ်၊ သူနာပြု/သားဖွားသင်တန်းကျောင်းတို့မှ သင်တန်းသား၊ သင်တန်းသူများအား ချစ်ခင်ရင်းနှီးမှုရရှိရန်၊ ဒေသန္တရဗဟုသုတများရရှိနိုင်ရန်၊ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုများတွင် စိတ်ဓာတ်ခွန်အားမြင့်မားစေရန် ရည်ရွယ်ပြီး သင်တန်းသားများ တွေ့ဆုံပွဲကို ယမန်နေ့က ရတနာပုံဥယျာဉ် ကျုံးအရှေ့မြောက်ထောင့်တွင် ကျင်းပသည်။
Jun 21, 2022
ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက်မှ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်”ဟူသည့် ရှေ့လုပ်ငန်းစဉ်ချမှတ်ထားသည်။
Jun 21, 2022
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်နေကြသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လိုသူများကို ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက အသိပေးထုတ်ပြန်ထားရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။ CRPH နှင့် NUG အဖွဲ့တို့မှ ဦးဆောင်နေကြသူများ၏ လှုံ့ဆော်မှု၊ သွေးထိုးမြှောက်ပင့်ပေးမှု၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)အမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ ဖွဲ့စည်း၍ လက်နက်ကိုင်ပုန်ကန်မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ CDM မလုပ်သည့် နိုင်ငံ့ဝန်ထမ်းများသာမက မိမိတို့ဘက်မပါပါက ရဟန်းသံဃာများနှင့် သီလရှင်များ၊ တောင်သူလယ်လုပ်များ၊ ဈေးသည်များပါမချန် သူလျှိုဒလန်များအဖြစ် စွပ်စွဲသတ်ဖြတ်မှုများကို တော်လှန်ရေးဟူ၍ မည်သို့ပင် အရောင်တင်ပေးနေစေကာမူ နိုင်ငံနှင့် ပြည်သူ လူထုအတွက် ပျက်စီးရာ ပျက်စီးကြောင်း အကြမ်းဖက်မှုများသာ ဖြစ်သည်။
Jun 20, 2022
အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် သာသနာရေးဆိုင်ရာ အဆောက်အဦများကိုပါ အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
Jun 20, 2022
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ NUG နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
Jun 20, 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတို့၌ ပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Jun 20, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၀-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Jun 20, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jun 20, 2022
ရာသီဥတုအခြေအနေအရ ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 20, 2022
NP News သတင်းဌာနမှသတင်းထောက် ဦးကျော်မျိုးမင်းက ယခုလက်ရှိရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရာတွင် လူထုမယုံကြည်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ မယုံကြည်မှု (သို့မဟုတ်) နိုင်ငံရေးအသိုင်း အဝိုင်း၏မယုံကြည်မှုတို့ကို ရင်ဆိုင်ရနိုင်ခြေရှိသည်ဆိုသည့် အခြေအနေကိုသိမည်ဟု ထင်မြင်မိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် မဲစာရင်းစစ်ဆေးမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်ကိုပင် နိုင်ငံတကာအသိုင်းအဝိုင်းအချို့၊ နိုင်ငံရေးအသိုင်းအဝိုင်းအချို့နှင့် လူမှုရေးအသိုင်းအဝိုင်းတို့တွင် လျစ်လျူရှုထားသည်ကိုတွေ့ရကြောင်း၊ တပ်မတော်က ဖွဲ့စည်းပေးထားသည့် ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ကျင်းပပေးမည့်ရွေးကောက်ပွဲအပေါ် မည်မျှယုံကြည်မှုရှိသည်၊ မည်သည့်အတိုင်းအတာအထိ ယုံကြည်စိတ်ချ၍ရနိုင်သည်၊ ယုံကြည်မှုမရှိနိုင် စသည့် မေးခွန်းများကို မည်ကဲ့သို့ ပြန်လည်ဖြေကြားလိုသည်ကိုသိလိုကြောင်း မေးမြန်းသည်။
Jun 20, 2022
ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ (၃၀-၃-၂၀၂၁)ရက်နေ့တွင် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်၊ အမိန့်အမှတ် (၂/၂၀၂၁)ဖြင့် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်များအား (၁)နှစ်သက်တမ်းဖြင့် ခွင့်ပြုပေးလျက်ရှိပါသည်။