Jun 18, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဝန်ကြီး ဦးလူမွန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး ခန်းမဆောင်၌ ဝန်ကြီးဌာနအောက်ရှိ ရန်ကုန်မြို့အခြေစိုက်ဌာနများမှ ဌာနအကြီးအမှူးများနှင့် အရာထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
Jun 18, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၉)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁၀)တို့၏ သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နီလာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Jun 18, 2022
နိုင်ငံတွင် စက်သုံးဆီနှင့်စားသုံးဆီသုံးစွဲမှုမြင့်မားသဖြင့် ပြည်ပမှ စက်သုံးဆီ၊ စားသုံးဆီများကို နှစ်စဉ်တင်သွင်းနေရသည်။ ပြည်တွင်းဆီဖူလုံရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါဆီနှစ်မျိုးကို ခြိုးခြံချွေတာသုံးစွဲရမည်ဖြစ်ပြီး တစ်ဖက်တွင် ပြည်တွင်း၌ထုတ်လုပ်နိုင်သော စားသုံးဆီသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို ဆထက်တိုး၍ စိုက်ပျိုးထုတ်လုပ်ကြရမည်ဖြစ်သည်။
Jun 18, 2022
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သော မြန်မာအားကစားသမားများအား အထူးကိစ္စရပ်အနေဖြင့် လူစီးမော်တော်ယာဉ် ဝယ်ယူခွင့်ပြုကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့ရာ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမြင့်မားဆုံးစွမ်းဆောင်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသူ အားကစားမောင်မယ်တို့အတွက် နိုင်ငံတော်၏ နောက်ထပ်အားပေးဂုဏ်ပြုချီးမြှင့်မှုပင်ဖြစ်သည်။
Jun 17, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 17, 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့၌ ဇွန်လ ၁၆ ရက်တွင် အကြမ်းဖက်သမားများက အကြမ်းဖက်မှုလုပ်ရပ်များလုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သူအမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ ၉ လ အရွယ် အပြစ်မဲ့မိန်းကလေးငယ်တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Jun 17, 2022
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်ရင်မျိုးဆက်သစ် လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
Jun 17, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 17, 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ PDF အဖွဲ့ဝင် ၁ ဦးအား ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူနှင့် ၎င်း၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Jun 17, 2022
တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီးအတွက် အချင်းချင်း သွေးစည်းညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာများရရှိခဲ့ပြီး ဖြစ်ပါသည်။ အနာဂတ်တွင်လည်း အလားတူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လစ် ခိုင်မာသည့် ညီညွတ်သောစုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားရမည်ဖြစ်ပါသည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသ
Jun 17, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ နေပြည်တော်ပုံနှိပ်စက်ရုံနှင့် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တို့၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Jun 17, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jun 17, 2022
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
Jun 17, 2022
ကော်ဖီဗဟိုအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 17, 2022
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပသည်။
Jun 17, 2022
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း Pilot Project အဖြစ်ဆောင်ရွက်သည့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် မသန်စွမ်းမှတ်ပုံတင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပသည်။
Jun 17, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး၌ ကျင်းပသည်။
Jun 17, 2022
မဲခေါင်သိပ္ပံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ကိုးရီးယားသမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်းကာ မဟာမဲခေါင်ဒေသအတွင်း မဲခေါင်-ကိုးရီးယားပူးပေါင်းဆောင်ရွက်ရေး ဒေသဆိုင်ရာဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် Hybrid စနစ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
Jun 17, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Jun 17, 2022
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲများအောင်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။