နေပြည်တော် နိုဝင်ဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီး ဌာနက ကြီးကြပ်၍ ကမ်းဝေး ငါးဖမ်း သင်္ဘာများ အချိန်မီပင်လယ်ပြင်ထွက် နိုင်ရေးအတွက် ကမ်းရိုးတန်းတိုင်း ဒေသကြီးဖြစ်သော ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီနှင့် မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်တို့မှ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများသည် သီတင်းကျွတ် ရုံးပိတ်ရက်များတွင် ငါးဖမ်းစက်လှေ များသို့သွားရောက်၍ ငါးဖမ်း၊ ငါးသယ် ရေယာဉ်များတွင် တပ်ဆင် ထားသော တည်နေရာ သတင်းအချက် အလက်ပေးပို့သည့် VMS စက်များ ဖြုတ်ခြင်း၊ တပ်ခြင်း၊ ပြောင်းရွှေ့ တပ်ဆင်ခြင်း များ လုံးဝ(လုံးဝ) မပြုလုပ်စေရေး ညွှန်ကြားချက်နှင့်အညီ ကမ်းဝေး ငါးဖမ်းလှေများ၏ VMS များအား ချိပ် တံဆိပ်ကပ်နှိပ်ခြင်း ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသန်းဦးနှင့် အဖွဲ့ကလည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးကျော်ဆင့် နှင့် ဝန်ထမ်းများက လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူ ဇရပ်မြို့နယ် ကျိုက္ခမီမြို့ရှိ ပင်လယ် ပြင်ထွက်၍ မီးပြကျွန်းအနီး၌ ပြည်နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့် မော်လမြိုင် ခရိုင်ဦးစီးမှူး ဦးလှမင်း ဇော်တို့ ဦးဆောင်၍ ဌာနမှဝန်ထမ်း များက လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းခရိုင် တွင် ခရိုင်ဦးစီးဌာနမှူး ဦးသန့်စင်နှင့် ဝန်ထမ်းများက လည်းကောင်း၊ မြိတ် ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းနောင်ဦးနှင့် အဖွဲ့က လည်းကောင်း ငါးဖမ်းလှေများတွင် ချိပ်တံဆိပ်များ ကပ်နှိပ်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ကြ ကြောင်း သိရသည်။
သတင်းစဉ်