Skip to main content

အထွေထွေအတွင်းရေးမှူးချုပ် ကုလသမဂ္ဂနေ့အထိမ်းအမှတ်သဝဏ်လွှာ

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက်

 

ချစ်ခင်လေးစားရပါသော မိတ်ဆွေအပေါင်းတို့ ..... ။

ကုလသမဂ္ဂအဖွဲ့ကြီး၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့သည် ကမ္ဘာ့ကပ် ရောဂါကြီးတစ်ခု ဖြစ်ပွား နေချိန်တွင် ကျရောက်လို့လာခဲ့ပြီဖြစ်ပါသည်။ ဤအခြေအနေတွင် ကျွန်တော်တို့၏ အဖွဲ့အစည်း ကြီးအား တည်ထောင် ခဲ့ရခြင်း၏ ရည်ရွယ်ချက်သည် ယခင်ကထက်ပင် ပို၍ အရေးကြီးလာ ပါသည်။ ။

လူသားများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန်၊ လူသားမျိုးနွယ်စုအား စစ်ဘေးမှ ကယ်တင်ရန်တို့ ဖြစ်ပါသည်။

ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားလာသောအခါ တစ်ကမ္ဘာလုံးအပစ်အခတ် ရပ်စဲကြရန် ကျွန်တော် တိုက်တွန်းခဲ့ပါသည်။

covID-19 ကသာလျှင် ယနေ့ကျွန်တော်တို့၏ ကမ္ဘာကြီးအတွက် တစ်ခု တည်းသော ဘုံရန်သူ ဖြစ်ပါသည်။

ယခုအချိန်သည် တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲနိုင်ရန် ငြိမ်းချမ်းရေး အတွက် အရှိန်အဟုန်မြှင့်၍ တွန်းအားပေး ဆောင်ရွက်ကြရမည့်အချိန်ဖြစ်သည်။ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေသည်။ လုပ်သင့်သည်ကို မြန်မြန်ဆန်ဆန် လုပ်ကြရပေမည်။

ကျွန်တော်တို့၏ ကမ္ဘာမြေကြီးနှင့်လည်း ကျွန်တော်တို့ ငြိမ်းချမ်းရေး ယူရပါမည်။

ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေက သက်ရှိများကို ခြိမ်းခြောက် လျက်ရှိပါသည်။

၂၀၅၀ ပြည့်နှစ်တွင် မှန်လုံအိမ်ဓာတ်ငွေ့ အသားတင်ထုတ်လွှတ်မှုအား သုညသို့ ရောက်ရှိအောင် တစ်ကမ္ဘာလုံးကို ကျွန်တော်တို့ နှိုးဆော်စည်းရုံး ကြရပါမည်။

ဤပန်းတိုင်ကို ပြည့်မီအောင် လုပ်ဆောင်မည်ဟု ကတိကဝတ်ပြုပြီး ဖြစ်သော နိုင်ငံများနှင့် ကုမ္ပဏီများ၏ အရေအတွက်မှာ အတော်အတန်ပင် များပြားလာနေပြီ ဖြစ်ပါသည်။

ကမ္ဘာနှင့်အဝန်းတွင် ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမရှိမှု၊ ဆာလောင် မွတ်သိပ်မှုနှင့် အမုန်းတရား များကြောင့် လူသားများ၏ ဆင်းရဲဒုက္ခခံစားနေရမှု တို့ကို အဆုံးသတ်ရန်နှင့် လူမျိုး၊ ဘာသာ၊ ကျား-မရေးရာ သို့မဟုတ် အခြား မည်သည့်ကွဲပြားမှုကိုမဆို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုများအား တိုက်ထုတ်ကြရန် ကျွန်တော်တို့ ယခုထက်ပို၍ ကြိုးစားလုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ ကမ္ဘာ့ကပ်ရောဂါ၏ရိုက်ခတ်မှုကို ခံစားကြရသည့်လများအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများ အပေါ် အကြမ်းဖက်မှုများထိတ်လန့်ဖွယ်ရာ တိုးပွားလာသည်ကို မြင်တွေ့နေကြရပါသည်။

ရရှိလာသော တိုးတက်မှုများအပေါ် ကျွန်တော်တို့အားပြုလုပ်ဆောင်ကြ ရပါမည်။ ငွေကြေးအားဖြင့် တတ်နိုင်သော COVID-19 ကာကွယ်ဆေးအား ဘေးအန္တရာယ်ကင်းရှင်းစွာ အားလုံးလက်လှမ်းမီ ရရှိနိုင်ရေးအတွက် ထူးကဲ လှသည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကြီးတစ်ခု စတင်နေပြီ ဖြစ်ပါသည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များက ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိ အောင် ပြန်လည်ထူထောင်နိုင်ရေး စေ့ဆော်ပေးသည့် လမ်းပြအစီအစဉ် (blueprint) တစ်ခု ဖြစ်ပါသည်။ ။

ကျွန်တော်တို့သည် အလွန်တရာကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင် နေကြရခြင်းဖြစ်သည်။ တစ် ကမ္ဘာလုံး၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုဖြင့်သာ ထိုစိန်ခေါ်မှုများကို ကျွန်တော်တို့ ကျော်လွှားနိုင်ပါမည်။

ကုလသမဂ္ဂအဖွဲ့ကြီးသည်လည်း ဤအတွက် ဖြစ်တည်လာရခြင်း ၊ ဖြစ်ပါသည်။ ယခုနှစ်ပတ်လည် နေ့တွင် ကမ္ဘာ့နေရာအနှံ့အပြားမှ လူများကို ဝိုင်းဝန်းပူးပေါင်းလက်တွဲကြရန် တောင်းဆိုပါသည်။

ကုလသမဂ္ဂအဖွဲ့ကြီးသည် သင်တို့နှင့်အတူ ရပ်တည်နေရုံမျှသာမက ..

ကုလသမဂ္ဂအဖွဲ့ကြီးကို သင်တို့ ပိုင်ဆိုင်ကြပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီး ဟူသည် သင်တို့ကိုယ်တိုင် ပင် ဖြစ်ပါသည် - “ကျွန်တော်တို့ ကမ္ဘာ့ပြည်သူ များ” ပင် ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး အတူတကွပူးပေါင်းလက်တွဲ၍ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏အဓွန့်ရှည်ခိုင်မာသော တန်ဖိုးများကို လိုက်နာ စောင့်ထိန်းကြပါစို့။ ။

ဆယ်စုနှစ်များကို ဖြတ်သန်းကာ ရရှိလာသော တိုးတက်အောင်မြင်မှုများ အပေါ် အားပြု၍ ရှေ့သို့ ခရီး ဆက်ကြပါစို့။

အားလုံးအတွက် ပိုမိုသာယာဝပြောသော ကမ္ဘာကြီးပေါ်ထွန်းလာရေး တူညီသည့် အနာဂတ်မျှော်မှန်း ချက်ကို ပြည့်မီအောင် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။