Skip to main content

(၆)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ၂၃

 

()ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး ကို အောက်တိုဘာ ၂၁  ရက် ညနေပိုင်းတွင် Virtual Meeting ဖြင့် ကျင်းပသည်။

 အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Mr. Veng Sakhon တို့က သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့မှ စိုက်ပျိုးရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။

 ()ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး တွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလ စားနပ်ရိက္ခာ ဖူလုံရေး၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်း စေရေးနှင့် အဟာရပြည့်ဝစေရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့အတွက် တုံ့ပြန် ဆောင်ရွက် နေသည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံအလိုက် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များ ဖလှယ်ခဲ့ကြသည်။

 ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက နိုင်ငံများအနေဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်က ကြုံတွေ့ ခဲ့ရသည့် အစားအစာကပ်ဆိုက်သော အခြေအနေကို ရှောင်ရှားနိုင်ရန်အတွက် ဒေသဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် ကျန်းမာရေးဆိုင်ရာ ကပ်ဘေးမှ အစားအစာဆိုင်ရာကပ်ဘေးသို့ ရောက်ရှိမည့် အရေးကို အထူးဂရုပြုရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 ဆက်လက်၍ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အာဆီယံအိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှု၊ ၂၀၂၁-၂၀၂၅ ခုနှစ်အတွက် အသစ်ထပ်မံရေးဆွဲထားသော စိုက်ပျိုးရေး၊ သစ်တောဆိုင်ရာ ကာလလတ်လုပ်ငန်းစဉ်များအား မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် (၆)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးအတွက် အဆင့်မြင့်အရာရှိများ အကြိုညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များကို ပြန်လည်ပြင်ဆင်၍ အဆိုပါလုပ်ငန်းအဖွဲ့ အစည်းအဝေးကို တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပမည်ဖြစ်ပြီး ဝန်ကြီးအဆင့် အစည်းအဝေးကို (၂)နှစ်လျှင်တစ်ကြိမ် ကျင်းပရန် ဆွေးနွေးအတည်ပြုခဲ့ကြသည်။

 ထို့နောက် ()ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အစည်းအဝေးမှ အတည်ပြုခဲ့ပြီး နောက်တစ်ကြိမ် ကျင်းပမည့် ()ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။  

 သတင်းစဉ်