Skip to main content

(၇၈) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၃

 (၇၈) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီ အစည်းအဝေး (The 78th Meeting of ASEAN Committee on Science, Technology and Innovation- COSTI 78) ကို အောက်တိုဘာ ၂၁ ရက်မှ အောက်တိုဘာ ၂၂ ရက် အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် အာဆီယံဆိုင်ရာ အခြားဆက်စပ်အစည်းအဝေးများနှင့် ရလာဒ်များ အပေါ် သုံးသပ်ဆွေးနွေးပြီး ၂၀၂၀  ပြည့်နှစ်အတွင်း ကော်မတီ အနေဖြင့် ဦးစားပေးလျာထား ဆောင်ရွက်ခဲ့ သည့် စီမံကိန်းများ၏ ဆောင်ရွက်ထားရှိမှုနှင့် အာဆီယံလူငယ်သိပ္ပံပညာရှင်များ ကွန်ယက်ဖွဲ့စည်း ဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကော်မတီမှရေးဆွဲချမှတ်ထားသော အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှု လုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၅) အပေါ် ကာလလတ် သုံးသပ်မှုအနေဖြင့် ကဏ္ဍ အလိုက် ဆွေးနွေးခြင်း၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးကျင်းပနိုင်ရေး ဆွေးနွေးခြင်း၊ (၇၉) ကြိမ်မြောက်၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကော်မတီ အစည်းအဝေး ကျင်းပမည့် အချိန်၊ နေရာ သတ်မှတ်နိုင်ရေးများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ကော်မတီဥက္ကဋ္ဌဖြစ်သူ လေ့လာဆန်းစစ်အကဲဖြတ် ရေးအဖွဲ့ (သုတေသန)၊  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက မြန်မာနိုင်ငံ အနေ ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ တုံ့ပြန် သက်ရောက် မှုအစီအစဉ်များအဖြစ် Data sharing or genomic sequencing for further research Biosurveillance နှင့် သတင်းအချက်အလက်နည်းပညာကို အသုံးပြုနိုင်ရန် အတွက် Technical and knowledge support နှင့် health informatics for prevention and control of potential epidemic threats နှင့်စပ်လျဉ်းသည့် စီမံကိန်းများ၊ တက္ကသိုလ် များနှင့် သုတေသနဌာနများ ပူးပေါင်း၍ Industrial 4.0 နှင့်စပ်လျဉ်း၍ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံများ၌ ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းများတွင် Augmented Reality/ Virtual Reality (AR/VR) applications ဆိုင်ရာ စွမ်းရည်များမြှင့်တင်ခြင်း စီမံကိန်းများ၊ အစီအစဉ် များတွင် ဦးစားပေးအစီအစဉ်အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းအခြားနှစ် အလိုက် ဆောင်ရွက်သည့် စီမံကိန်း များတွင်လည်း အဆိုပြုလွှာများ တင်ပြနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ အာဆီယံနိုင်ငံများမှ ကော်မတီ   ဥက္ကဋ္ဌများ၊ မိတ်ဖက်အဖွဲ့စည်းများမှ ကိုယ်စားလှယ် များနှင့် မြန်မာနိုင်ငံမှ အဆိုပါကော်မတီ၏ အကြံပေးအဖွဲ့ဝင် သုတေသနနှင့် တီထွင် ဆန်းသစ် မှုဉီးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ ကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်ဝင်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)