Skip to main content

အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေးစကားဝိုင်း ကျင်းပ

နေပြည်တော် ဩဂုတ် ၂၆

ကုလသမဂ္ဂ ထူထောင်သည့် (၇၅) နှစ် ပြည့် အထိမ်းအမှတ်အဖြစ် UN 75 Initiative အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီး ဌာန/ အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် လူငယ်အဖွဲ့ အစည်းများပါဝင်သော အစိုးရနှင့် ပြည်သူများ အကြား ယုံကြည်မှုတည် ဆောက်ရေး အွန်လိုင်းစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ကော်မရှင်ရုံး၌ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည်။

မဏ္ဍိုင်သုံးရပ်ကို အခြေခံရေးဆွဲ

ဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က UN 75 Initiative ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများအတွက် ဦးစားပေး အစီ အစဉ်များကို ပုံဖော်ရာတွင် တစ်နှစ် အတွင်း ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ၌ ကမ္ဘာ့လူထု တစ်ရပ်လုံးက ပါဝင်ဆွေးနွေးနိုင်သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ယခုကဲ့သို့ အစိုးရဌာန များ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဘက် လူငယ်အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးသဖြင့် UN 75 အမှတ် တံဆိပ်တွင် ဖော်ပြသည့်အတိုင်း ကမ္ဘာ ကြီး၏ အနာဂတ်ကိုပုံဖော်ရာတွင် မိမိတို့အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်ကြောင်း၊ ပြည်သူများအနေဖြင့် အစိုးရများအပေါ်တွင် ထားရှိသော မျှော်လင့်ချက်များ၊ အစိုးရများထံမှ လိုလားတောင့်တသော ဝန်ဆောင်မှု များနှင့် ရယူခံစားလိုသော လွတ်လပ် ခွင့်များ တစ်နေ့တခြား ပိုမိုတိုးပွား လာနေခြင်းသည် အစိုးရများ၏ စွမ်းဆောင်နိုင်မှု အခြေအနေနှင့် နှိုင်းချိန် စဉ်းစားပါက ကွာဟမှုများ ရှိနိုင်ကြောင်း၊ ထိုအချက်သည် ဖွံ့ဖြိုး ဆဲနိုင်ငံများတွင်သာမက ဖွံ့ဖြိုးပြီး နိုင်ငံများတွင် မကြာခဏ တွေ့ကြုံ နေရသော စိန်ခေါ်မှုဖြစ်ကြောင်း၊ စိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် အစိုးရနှင့် ပြည်သူများ အကြားတွင် ယုံကြည်မှု ခိုင်ခိုင်မာမာ တည်ဆောက်ထားရန် အရေးကြီးပါကြောင်း၊ အစိုးရများ အပေါ် ယုံကြည်မှု တိုးတက်မြင့်မား လာစေရန်အတွက် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs) အပါအဝင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ မူဝါဒရေးရာ ရည်မှန်းချက်များကို အောင်မြင်စွာ ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ် မှု၊ သာယာဝပြောမှုနှင့် ပူးပေါင်းဆောင် ရွက်မှု၊ ပြည်သူများနှင့် ကမ္ဘာမြေဟူ၍ မဏ္ဍိုင်ကြီးသုံးရပ်ကို အခြေခံ၍ ရေးဆွဲ ထားကြောင်း၊ ဆွေးနွေးပွဲတွင် ပါဝင် သူများက အတွေ့အကြုံများကို အခြေခံ၍ မိမိတို့၏ သဘောထားအမြင် များကို လွတ်လပ်ပွင့်လင်းစွာ မျှဝေ ဆွေးနွေးကြ စေလိုကြောင်း ပြောကြား သည်။

ဆွေးနွေး

ယင်းနောက် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က Keynote Speaker အဖြစ် ဆောင်ရွက်ပြီး စကားဝိုင်း ဆွေးနွေးပွဲနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင် ၁၆ (SDGs-16) အား ရှင်းလင်းပြောကြားကာ ယုံကြည်မှု တည်ဆောက်ရာတွင် အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်ဆောင်ရွက် ရန်နှင့် ယုံကြည်မှု တည်ဆောက်ရန် အခြေခံအချက် ရှစ်ချက်အား အသေး စိတ်ဆွေးနွေးသည်။

တက်ရောက်

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက Moderator အဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး ဌာန ၁၆ ခု၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း နှစ်ခု၊ စီးပွားရေး အဖွဲ့အစည်း တစ်ခု၊ အရပ်ဘက် လူမှုအဖွဲ့အစည်း သုံးခုနှင့် လူငယ် အဖွဲ့အစည်း တစ်ခု အဖွဲ့အစည်းပေါင်း ၂၃ ခုတို့မှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပြီး ဘဏ်အဖွဲ့ အစည်းများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ အစိုးရဝန်ထမ်းများ၊ တက္ကသိုလ်များမှ စိတ်ပါဝင်စားသူ များက လေ့လာသူအဖြစ် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်