Skip to main content

မြန်မာ-ဂျပန် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ

ရန်ကုန် ဇူလိုင် ၂၉

မြန်မာ-ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပသည်။

အဆိုပါ တွေ့ဆုံပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးတင်ကိုကို၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝဏ္ဏ၊ ဂျပန်နိုင်ငံ INGO peace ဥက္ကဋ္ဌ Mr. Nakazawa Hiroyuki တို့လည်း တက်ရောက်ကြသည်။

အဆိုပါ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့သည် ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

သတင်းစဉ်