Skip to main content

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား (၂၀၂၁ခုနှစ်) ကျင်းပ

နေပြည်တော် မတ် ၈ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား (၂၀၂၁ ခုနှစ်) ကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ online စနစ်၊ Hybrid ပုံစံဖြင့် ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်နှင့် ဦးစိုင်းလုံးဆိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်းဟာနှင့် စောဒန်နီယယ် တို့၏ ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ခင်မေရီ၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါ်ခင်မျိုးမြင့်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဇနီးများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၏ဇနီးများ၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကော်မတီ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက Online စနစ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တက်ရောက်ကြသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က video message ဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဉက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင် က အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ ဘေဂျင်းကြေညာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင် အမှတ်(၅)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ပါ ပြဋ္ဌာန်းချက်များအပေါ် အခြေခံ၍ အမျိုးသမီးအခွင့်အရေးများကို လေးစားခြင်း၊ ကာကွယ်ပေး ခြင်း၊ မြှင့်တင်ပေးခြင်းနှင့် ဖြည့်ဆည်းပေးခြင်းတို့ကို နိုင်ငံတော်ကဆောင်ရွက်ပေးနေပါကြောင်း။ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုး တိုးတက်စေ ရေးတို့အတွက် ဦးဆောင်လမ်းညွှန်ဆောင်ရွက်သွားရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်ကစ၍ နိုင်ငံအဆင့်ယန္တရားအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါ ကြောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအပြင် အမျိုးသမီးအရေးကို တက်ကြွ စွာဆောင် ရွက်လျက်ရှိသည့် အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဉီးဆောင်မှု အောက်တွင် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကော်မတီအဆင့်ဆင့်ကို ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း။ အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့်လည်း အစိုးရဦးဆောင်သည့် ကော်မတီအတွင်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂)ကို ၂၀၁၃ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့ပြီး အဆိုပါစီမံကိန်းကို CEDAW၊ ဘေဂျင်းကြေညာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်း စီမံချက်တို့ကို အခြေခံ၍ လုပ်ငန်းဧရိယာ (၁၂)ရပ် ချမှတ်ဆောင်ရွက်ကာ အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ဆောင်ရေးအတွက် နည်းပညာလုပ်ငန်း အဖွဲ့(၄)ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာ လုပ်ငန်း အဖွဲ့အလိုက် လုပ်ငန်းအစီအစဉ် (Work Plan) များကိုလည်း နှစ်အလိုက် ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ NSPAW Phase II ကိုလည်း ဆက်လက်ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။ ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုတား ဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) ပါ ဦးစားပေးကဏ္ဍ (၆)ရပ်ကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရေးအတွက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပြီး ဖြစ်သကဲ့သို့ နိုင်ငံအဆင့် လုပ်ငန်းစီမံချက်ကို အတည်ပြုပြီး အကောင်အထည်ဖော်နိုင်ရေး ကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေရေးရာကဏ္ဍအနေဖြင့်လည်း ပြန်လည်ပြင်ဆင်ခြင်းနှင့် အသစ် ပြဋ္ဌာန်းရန် လိုအပ်သည်များကိုလည်း အတည်ပြုပြဋ္ဌာန်းခြင်း များ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု များကို ဥပဒေကြောင်းအရ ပိုမိုကာကွယ်ပေးနိုင်ရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်းပို့ တိုင်ကြားနိုင်ရေးအတွက် (၂၄) နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ထူထောင်ပြီး အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်း ကြောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများစီစဉ်ပေးခြင်း၊ အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေး ခြင်းများကို လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) (၂၅၀) ဉီးဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အကြမ်းဖက်ခံရသူများကို ပံ့ပိုးပေးမှုအနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီး များကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ ကယား စသည့် နေရာ (၅)ခုတွင် One Stop Women Support Center (OSWSC) များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCEDAW) အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အကောင်အထည်ဖော်မှု များကို UNCEDAW ကော်မတီသို့ အစီရင်ခံစာများကို တင်သွင်းလျက်ရှိရာ လက်ရှိတွင် မြန်မာ နိုင်ငံ၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာတင်သွင်းနိုင်ရေးအတွက် အစီရင်ခံစာရေးသားရေး ကော်မတီကို ဖွဲ့စည်းထားရှိပြီး အစီရင်ခံစာပြုစုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် အာဆီယံအမျိုးသမီးကော်မတီ (ACW)နှင့် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ကော်မရှင် (ACWC) ၌လည်း နိုင်ငံအဆင့် Focal Point အဖြစ် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ASEAN Regional Plan of Action on the Elimination of Violence Against Women-RPA EVAW) နှင့်ပတ်သက်၍ ကာလလတ်ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း။ မြန်မာအမျိုးသမီးထုကြီးတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံမှန်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ လက်ရှိအချိန် ကိုဗစ်-၁၉ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အမျိုးသမီးကဏ္ဍကို နောက်ကျန်မနေခဲ့ စေရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးနှင့် ရရှိပြီးသည့် အောင်မြင်မှုများ ပြန်လည်ဆုတ်ယုတ်မသွားစေရန် ကြိုးပမ်းကာကွယ် သွားရမည် ဖြစ်ပါကြောင်း၊ “တန်းတူညီမျှတဲ့ အနာဂတ် ဖော်ဆောင်ဖို့ အမျိုးသမီးကဏ္ဍမြှင့်တင်လို့ COVID-19 တုံ့ပြန်စို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည်ထူထောင်ရေးနှင့် ပိုမိုတန်းတူ ညီမျှသော အနာဂတ်ဖော်ဆောင်ရေးတို့အတွက် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့လာသည့် သဝဏ် လွှာကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဖတ်ကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက် သည်။ (သတင်းစဉ်)