Skip to main content

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၈ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် ဆန်၊ စပါး ဝယ်ယူခြင်း ဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် လယ်ယာထုတ်ကုန်စီမံ ခန့်ခွဲရေးအဖွဲ့ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် က နိုင်ငံတော်အနေဖြင့် တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ နှစ်စဉ်အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာပြီး စပါးများထွက်ပေါ်ချိန်၌ အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းအောက် ကျရောက်သည့်ဒေသများတွင် တောင်သူ လယ်သမားများထံမှ စပါး ဝယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေ၊ ယခုနှစ် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်း ဖြင့် စပါးဝယ်ယူမှုအခြေအနေများနှင့် ဆန်အိတ်များ ပြန်လည်လက်ခံရရှိမှု အခြေအနေများ၊ လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ရှေ့ဆက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း ပြော ကြားသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသူများက လယ်ယာထုတ်ကုန် စီမံခန့် ခွဲရေး အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် စပါး၊ ဆန် ဝယ်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေး ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး တင်ပြချက်များအပေါ် ကော်မတီဥက္ကဌက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)