Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၈ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမအား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက် မှုများကို ထိန်းသိမ်းမြှင့်တင်သွားရန် ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် အထွေထွေရွေး ကောက်ပွဲတွင် မဲမသမာမှု ဖြစ်ပွားခဲ့သည့် အခြေအနေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အသစ်မှ မဲစာရင်းများ စိစစ်နေသည့် အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ပြည်သူများ၏ လုံခြုံရေး အတွက် တရားဥပဒေစိုးမိုးရေးကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များမှ အင်အားသုံးမှုကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက် နေမှုတို့ကို ရှင်းလင်းအသိပေး ပြောကြားခဲ့သည်။ (သတင်းစဉ်)