Skip to main content

ဒုတိယဝန်ကြီး ဦးမင်းထိန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်း ဆောင်ရွက်နေမှုနှင့် လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရှိ ကိုရီးယား - မြန်မာစက်မှုဇုန် လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၈ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မတ် ၆ ရက် နံနက်ပိုင်း တွင် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက် တာများအသင်းချုပ်တို့ မှ ဆောင်ရွက်သော ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။ ရှေးဦးစွာ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်တွင် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်နိုင်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဦးဇော်ဇော်အေးတို့က ရန်ကုန်တိုင်း ဒေသကြီးတွင် ပြည်သူများတွက် အငှားအိမ်ရာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ များအသင်းတို့မှ တာဝန်ရှိ သူတို့က အကောင်အထည်ဖော် ဆောင်ရွက်ထားရှိ မှုများနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးသန်းဇော်အေးက အငှားအိမ်ရာ စီမံကိန်း လုပ်ငန်းများကို ဘဏ္ဍာရေး နှစ်အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ထား ရှိမှုတို့ကို လည်းကောင်း ရှင်းလင်း တင်ပြကြသည် ။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ဆောက်လုပ်ရေး ကဏ္ဍ ၊ လမ်း/တံတားကဏ္ဍနှင့် မြို့ပြအိမ်ရာဖွံ့ဖြိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်သူ့အငှားအိမ်ရာစီမံကိန်းများကို ပြည်သူများအတွက် နေထိုင်ရေး အဆင်ပြေစေရန် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ၊ လက်ရှိစီမံကိန်းလုပ်ငန်းများ ဆောင် ရွက်ရာတွင် အခက်အခဲ များရှိသော်လည်း ရပ်တန့်သွားမှု မရှိစေဘဲ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ၊ ယခုလို စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ဖန်တီးပေးရာရောက်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ရန်လိုပါကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးရေး ၊ အရည်အသွေး ပြည့်မီရေးနှင့် စေတနာထား ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ပြည်သူ့ အငှား အိမ်ရာတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု များကို လိုက်လံ ကြည့်ရှု စစ်ဆေးသည်။ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၇)လမ်းနှင့်အမှတ် (၂)လမ်း ကြားရှိ မြေဧရိယာ (၁၇၁) ဧကပေါ်တွင် ပြည်သူ့အငှားအိမ်ရာ ပထမအဆင့် (၄)ခန်းတွဲ (၅)ထပ်၊ (၁၉၄)လုံး (၃၁၀၄)ယူနစ် တို့ကို ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်သွား မည်ဖြစ် သည်။ ဒုတိယဝန်ကြီးသည် မတ်(၇)ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ် ပင်ရှိ ကိုရီးယား - မြန်မာစက်မှုဇုန် (KMIC) Korea Myanmar Economic Cooperative Industrial Complex စက်မှုဇုန်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေး က စက်မှုဇုန် လုပ်ငန်းများ အကောင် အထည် ဖော်ဆောင်ရွက်မည့် အခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း တင်ပြသည်။ တင်ပြချက်များပေါ် ဒုတိယဝန်ကြီးက ကိုရီးယား - မြန်မာစက်မှုဇုန် (KMIC) သည် ရန်ကုန်မြို့ ပတ်ဝန်းကျင်လှည်းကူးဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများအား ဖိတ်ခေါ်နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မှာ ကြားသည်။ စက်မှုဇုန်သို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသည့် စက်ရုံပေါင်း (၁၀၀)ကျော် ဝင်ရောက် ရင်းနှီးမြှုပ်နှံ နိုင်မည်ဖြစ်ရာ KMIC စက်မှုဇုန် တည်ဆောက် ခြင်းဖြင့် နိုင်ငံခြားပို့ကုန် များ တိုးမြှင့် တင်ပို့နိုင်ခြင်း ၊ အခွန်အခရငွေများ တိုးပွား ရရှိနိုင်ခြင်း ၊ ဒေသနှင့်အနီးဝန်းကျင်မှ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာ ဖန်တီးပေးနိုင်ခြင်းတို့အပြင် ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေးနှင့် အထောက်အကူပြု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ကြောင်း သိရသည် ။ (သတင်းစဉ်)