၁။ ခရီးသွားမြှင့်တင်ရေးဌာနခွဲသည် မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက်မြှင့်တင်ရေးလုပ်ငန်းများဖြစ်သောခရီးစဉ်ဒေသများမြှင့်တင်ကြော်ငြာခြင်း၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊ လုပ်ငန်းဆက်စပ်လျက်ရှိသည့် ပြည်တွင်း ဌာနဆိုင်ရာများ၊ အိမ်နီးချင်းနိုင်ငံများရှိ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ကမ္ဘာ့ခရီးသွားလုပ် ငန်း အဖွဲ့ချုပ်နှင့်နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းအဖွဲ့တို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆက်သွယ်၍ ဟိုတယ်နှင့်ခရီး သွားလာရေးဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ
၂။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China National Tourism Administration (CNTA) နှင့် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်၍ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ပထမအကြိမ် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ၂၀၁၇ ခုနှစ်၊ မတ်လ (၁)ရက်နေ့ မှ(၂) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၃။ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားခရီးသွားဝန်ကြီး ဌာနတို့ပူးပေါင်း၍ ပထမအကြိမ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးတစ်ရပ်ကို (၂၇-၆-၂၀၁၇)ရက်နေ့တွင် ပုဂံမြို့ရှိ Amazing Bagan Resort ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၄။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ဦးဆောင်မှု၊ Hualngo Land Development Organization ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ (ဒုတိယအကြိမ်)ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နှင့် (၆)ရက်နေ့များတွင် အထွေထွေအုပ်ချုပ်ရေး ခန်းမဆောင်၊ ရိခေါဒါရ်မြို့၊ ဖလမ်းမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၅။ ဂျပန် - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ရေရှည်တည်တံ့ရေးအတွက် ဒုတိယအကြိမ် ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို (၁၄-၁-၂၀၁၈) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)ရှေ့တွင်လည်းကောင်း၊ Royal Myanmar Golf Club တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ ပါသည်။
၆။ ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Himawari Hotel ၌ (၂၆-၄-၂၀၁၈) ရက်နေ့မှ (၂၇-၄-၂၀၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်ဒုတိယအကြိမ်မြန်မာ-ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့အစည်းအဝေးသို့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့(၂)ဦးပါဝင်တက်ရောက်ခဲ့ပါသည်။
၇။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံအကြောင်း မိတ်ဆက် အစီအစဉ်ရိုက်ကူးကာ ဂျပန်နိုင်ငံ Mainichi TV ထုတ်လွှင့်ပြသခဲ့မှုနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ Eureask Room, Novotel Yangon Max ၌ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနနှင့် CNN တို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် (၁၁.၅.၂၀၁၈) ရက်နေ့ တွင် CNN Task Nation Branding Masterclass ဆွေးနွေးပွဲကိုကျင်းပခဲ့ပါသည်။
၈။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှဦးဆောင်ကာ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊အာဆီယံနိုင်ငံများနှင့် ဥရောပနိုင်ငံများ ရှိ ခရီးသွားဧည့်သည်များမြန်မာနိုင်ငံသို့ပိုမိုလာရောက်လည်ပတ်စေရန်နှင့်ပြည်တွင်းခရီးစဉ်ဒေသ များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအဖွဲ့(၆)ရပ်ကို ဖွဲ့စည်းခဲ့ပြီး ဒီဂျစ်တယ်ဈေးကွက် မြှင့်တင်ရေးမဟာဗျူဟာများ အကောင်အထည်ဖော်ရန်၊ ပြင်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံဈေးကွက်မြှင့်တင်ရေးဆိုင်ရာနည်းဗျူဟာများအကောင်အထည်ဖော်ရန်၊ ကမ္ဘာ့တန်းဝင် မီဒီယာများမှတစ်ဆင့်ထုတ်လုပ်ဖြန့်ဝေနိုင်ရန်၊ နိုင်ငံတကာမီဒီယာများ၊ ခရီးသွားကုမ္ပဏီများ၊ ခရီးစဉ်ရေးသားသူများအတွက် FAM Trip ခရီးစဉ် အစီအစဉ်များ စီစဉ်ဆောင်ရွက် ခြင်းအစရှိသည့် စျေးကွက်အလိုက် ခရီးသွားမြှင့်တင်မှုဆိုင်ရာလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပါသည်။
၉။ ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်နိုင်ရေးအတွက်အစိုးရ၊ပုဂ္ဂလိကနှင့်ပြည်သူများပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းရှာဖွေရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်ညီနောင်အသင်းများ၏ စီစဉ်ဆောင်ရွက်မှု ဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကွန်ဖရင့် (Myanmar Tourism Conference)အား စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပါ သည်။
၁၀။ မြန်မာ့ရိုးရာအစားအစာများကို ဖော်ထုတ်မြှင့်တင်နိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၏စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းစီစဉ် မှုဖြင့် မြန်မာ့ရိုးရာအစားအသောက်ပြပွဲကို (၁၈.၈.၂၀၁၈) ရက်နေ့မှ (၁၉.၈.၂၀၁၈) ရက်နေ့အထိ ပုဂံမြို့၊လောကနန္ဒာဘုရားအနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
၁၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် (၁၆-၈-၂၀၁၉) ရက်နေ့တွင် မန္တလေးမြို့၊ ရွှေပြည်သာဟိုတယ်တွင် တတိယအကြိမ် မြန်မာ-ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။
၁၂။ အာဆီယံနှင့်မြန်မာ့ရိုးရာအစားအစာများကိုဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များ ပိုမိုသိရှိစေရန်၊ မြန်မာနိုင်ငံတွင် Culinary Tour ဖွံ့ဖြိုးလာစေရန်နှင့် Green Season တွင်ခရီးသွားမြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်အနေဖြင့် အာဆီယံအစားအစာပွဲတော် - ၂၀၁၉ ကို ၁၇-၈-၂၀၁၉ ရက်နေ့မှ ၁၈-၈-၂၀၁၉ ရက်နေ့အထိ မန္တလေးမြို့ သိပ္ပံလမ်းနှင့် ၆၉ x ၇၂ လမ်းကြားရှိ Mandalay Convention Centre တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
၁၃။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ်မှစ၍ ကမ္ဘာ့ခရီးသွားနေ့ (World Tourism Day) အခမ်းအနားအား နှစ်စဉ်ကျင်းပလျက်ရှိရာ (၂၅.၉.၂၀၂၀) ရက်နေ့တွင် “ကျေး လက်ဒေသဖွံ့ဖြိုးရေးခရီးသွားလုပ်ငန်းဖြင့်ပံ့ပိုးပေး” (Tourism and Rural Development ) ဟူ သော ဦးတည်စာသားဖြင့် ၂၀၂၀ပြည့်နှစ် (World Tourism Day) အခမ်းအနားအား ကျင်းပခဲ့ပါ သည်။
ခရီးသွားမြှင့်တင်ရေးပြပွဲများကျင်းပခြင်း
၁။ ပြည်တွင်း
(က) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၁၈ ခုနှစ်၊ မတ်လ(၂၄)ရက်မှ(၂၅)ရက်အထိကျင်းပခဲ့သည့် ခရီးသွားလုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံမှု ပွဲတော် (Tourism and Investment Fair) တွင် ပါဝင်ပြသခဲ့ခြင်း၊
(ခ ) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာ နိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာရိုးရာ အစားအသောက်ပြပွဲကို (၁၈.၈.၂၀၁၈) ရက်နေ့မှ (၁၉.၈.၂၀၁၈) ရက်နေ့အထိ ပုဂံမြို့ လောကနန္ဒာဘုရားအနီး၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ခြင်း၊
(ဂ ) ထိုင်းနိုင်ငံအခြေစိုက် ICVeX ကုမ္ပဏီလီမီတက်မှ UMFCCI နှင့် မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြန်မာအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ (Myanmar International Tourism Expo-2018)ကို ရန်ကုန်မြို့ရှိ တပ်မတော် ခန်းမ၌(၂၀.၇.၂၀၁၈) ရက်နေ့မှ(၂၂.၇.၂၀၁၈) ရက်နေ့အထိ ကျင်းပခဲ့ရာ ခရီးသွား ပြခန်း ပါဝင်ပြသခဲ့ခြင်း၊
(ဃ) ရန်ကုန်မြို့ရှိ Melia Hotel ၌ စတုတ္ထအကြိမ်မြောက် နိုင်ငံတကာခရီးသွားပြပွဲ (Myanmar International Travel Mart – 2018)ကို (၄.၈.၂၀၁၈) ရက်နေ့မှ (၅.၈.၂၀၁၈)ရက်နေ့အထိ ကျင်းပခဲ့ရာ ၎င်းပြပွဲတွင် ဝန်ကြီးဌာနကိုယ်စားပြု ပြခန်း (၁)ခန်းအား တက်ရောက်ပြသခဲ့ခြင်း၊
၂။ ပြည်ပ
(က) ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီ ဘဂါဝမ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ASEAN Tourism Forum (ATF 2020) ခရီးသွားပြပွဲသို့ ပါဝင်ပြသခြင်း၊
(ခ) စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့မှ (၂၆)ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သော Spain FITUR International Trade Fair 2020 ၌ ပါဝင်ပြသခဲ့ခြင်း၊
(ဂ) ၂၀၁၉ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့မှ (၇) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းခရီးသွားပြပွဲ ၂၀၁၉ ၌ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်း ပါဝင်ပြသခဲ့ခြင်း၊
(ဃ) အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့မှ (၆)ရက်နေ့ အထိပြုလုပ်သည့် World Travel Mart 2019 (WTM 2019) ခရီးသွားပြပွဲတွင် ပါဝင်ပြသခြင်း၊
(င) ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တွင် ၂၀၁၉ ခုနှစ် မတ်လ (၆)ရက်နေ့မှ (၁၀)ရက်နေ့ အထိ ကျင်းပသော International Tourismus Borse (International Tourism Exchange) ITB Berlin 2019 ခရီးသွားပြပွဲ၌ ပါဝင်ပြသခဲ့ခြင်း၊
(စ) ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ၂၀၁၈ ခုနှစ် မတ်လ(၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်သော Moscow International Travel Mart 2018 ခရီးသွားပြပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းသွားရောက်ဖွင့်လှစ်ပြသခဲ့ခြင်း၊
(ဆ ) ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၁၉ ခုနှစ် ဇွန်လ (၆)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်သော Korea World Travel Fair (KOTFA 2019)သို့ မြန်မာနိုင်ငံ ကိုယ်စားပြု ခရီးသွားပြခန်းသွားရောက်ပြသခဲ့ခြင်း၊
(ဇ) ဗီယက်နမ်နိုင်ငံ အားကစား၊ ခရီးသွားနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မဲခေါင်ဒေသ တွင်းရှိ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ITE-HCMC-2019 (Vietnam)တွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းသွားရောက် ဖွင့်လှစ်ပြသခဲ့ခြင်း၊
(ဈ) အာရှ-ပစိဖိတ် ခရီးသွားလုပ်ငန်းအဖွဲ့ (PATA)၏ စီစဉ်ဆောင်ရွက်မှုဖြင့် မလေးရှားနိုင်ငံ လန်ကာဝီမြို့၌ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၂) ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပသော PATA Travel Mart 2018 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ခရီးသွားပြပွဲပါဝင်ပြသခြင်း၊
(ည) ဂျပန်နိုင်ငံ၊ အိုဆာကာ မြို့ ၌ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပ သော JATA Tourism Expo 2019 တွင် မြန်မာနိုင်ငံကိုယ်စားပြုခရီးသွားပြခန်းအား ပြသခဲ့ခြင်း၊
(ဋ) ကမ္ဘောဒီးယား ခရီးသွားဝန်ကြီးဌာနနှင့် TTG Asia တို့၏ ပူးပေါင်းစီစဉ်ဆောင်ရွက် မှုတို့ဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၁) ရက် နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပသော ကမ္ဘောဒီးယားခရီးသွားပြပွဲတွင် ပါဝင်ပြသခဲ့ခြင်း၊
(ဌ) စင်္ကာပူနိုင်ငံ၊ Sands Expo and Convention Centre, Marina Bay Sands တွင်၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသော ITB Asia 2019 ခရီးသွားပြပွဲတွင် ပါဝင်ပြသခဲ့ခြင်း၊
(ဍ) တရုတ်နိုင်ငံ၊ Guangxi မြို့တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပသော အာဆီယံ-တရုတ်ခရီးသွားပြပွဲ (China- ASEAN Expo Tourism Exhibition )တွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းကို ပါဝင်ပြသခဲ့ခြင်း၊
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
၁။ International Trade Center -ITC မှ (USD 2.892)သန်းနှင့်ညီမျှသော နည်းပညာ အထောက်အပံ့ စီမံကိန်း NTF- IV Myanmar Inclusive Tourism Project focusing on Kayah State အား လက်မှတ်ရေးထိုးခဲ့သည့် (၂၇-၇-၂၀၂၀) ရက် နေ့မှစ၍ ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ/ ဆောင်ရွက်လျှက်ရှိပါသည်။
၂။ Istituto Oikos (Italy) မှ (USD 826,104) နှင့် ညီမျှသော စီမံကိန်းအား လက်မှတ် ရေးထိုးခဲ့သည့် (၂၃-၄-၂၀၂၀) ရက်နေ့မှစ၍၂နှစ် ဆောင်ရွက်လျှက်ရှိပါသည်။
၃။ IFC – International Finance Cooperation မှဒေါ်လာ(၁) သန်းခန့်နှင့် ညီမျှသော နည်းပညာအထောက်အပံ့စီမံကိန်းအား လက်မှတ်ရေးထိုးခဲ့သည့် (၈-၅-၂၀၂၀) နေ့မှစ၍ (၃၁.၆.၂၀၂၁) ရက်နေ့အထိ စီမံကိန်းကို ဆောင်ရွက်လျှက်ရှိပါသည်။
၄။ ICEI – Istituto Cooperazione Economica Internazionable မှ (USD862,342) အား ရှမ်းပြည်နယ်တွင် လူထုအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရန် နည်းပညာအထောက်အပံ့ စီမံ ကိန်းအား လက်မှတ်ရေးထိုးခဲ့သည့် (၉-၁-၂၀၂၀)ရက်နေ့မှစ၍ (၂)နှစ်စီမံကိန်းအားဆောင်ရွက် ခဲ့ပါသည်။
နိုင်ငံတကာမှ ရုပ်သံရိုက်ကူးရေးအဖွဲ့များ လာရောက်ရိုက်ကူးခြင်း
၁။ ဂျပန်နိုင်ငံရှိ Grape City Inc. နှင့် ၎င်း၏လက်ခွဲဖြစ်သော မြန်မာနိုင်ငံရှိ Grape City Ltd. တို့သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံကို ဆွဲဆောင်မှုရှိသည့် ခရီးစဉ်တစ်ခုအဖြစ် ဂျပန်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းသို့ မြှင့်တင် ကြော်ငြာရန်အတွက် ဂျပန်နိုင်ငံ မှ အဖွဲ့ဝင်(၅)ဦးပါဝင်သော ဗီဒီယိုရိုက်ကူးရေးအဖွဲ့သည် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် ရိုက်ကူးခဲ့ခြင်း၊
၂။ ဟောင်ကောင်နိုင်ငံရှိ Television Broadcast Limited (HKTVB) မှ ရိုက်ကူး ရေးအဖွဲ့သည်မြန်မာနိုင်ငံအား လည်ပတ်ချင်စရာကောင်းသော နိုင်ငံတစ်ခုအဖြစ် ဖော်ဆောင်ရန် ရည်ရွယ်၍မြန်မာနိုင်ငံ၏အဓိကခရီးစဉ်ဒေသများဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင်၊ နေပြည်တော်၊ အင်းလေး၊ညောင်ရွှေနှင့်ကျိုက်ထီးရိုးဘုရား များသို့ (၂၂-၁-၂၀၁၈) ရက်နေ့မှ (၂-၂-၂၀၁၈) ရက်နေ့အထိ လာရောက်ရိုက်ကူးခဲ့ခြင်း၊
၃။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် Myanmar Voyages International Tourism Co.Ltd နှင့် ဒိန်းမတ်နိုင်ငံအခြေစိုက် Albators Travel Co.Ltd တို့ ပူးပေါင်း စီစဉ်မှုဖြင့် မြန်မာနိုင်ငံအပါအဝင်နိုင်ငံ ပေါင်း (၂၉)နိုင်ငံမှ အပျော်တမ်းမာရသွန် အပြေးသမား(၂၇၀)ခန့်ပါဝင်သည့် Adventure Bagan Temple Marathon အပျော်တမ်း နိုင်ငံတကာမာရသွန်ပြိုင်ပွဲကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် (၂၄-၁၁-၂၀၁၈) ရက်နေ့ မှ (၂၆-၁၁-၂၀၁၈) ရက်နေ့အထိ ကျင်းပခဲ့ခြင်း၊
၄။ ဂျပန်နိုင်ငံတွင် မြန်မာ့ခရီးသွားမြှင့်တင်ရေးသံတမန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာ ကိုးရီကင်းတသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်ဖြစ်လာမည့် ခရီးစဉ်ဒေသများကို ဂျပန် ခရီးသွားများ သိရှိစေရန်နှင့် ဂျပန်နိုင်ငံရှိ ABC TV အစီအစဉ်တွင် ထုတ်လွှင့် ပြသရန် (၁၂-၁၂-၂၀၁၈) ရက်နေ့မှ (၁၄-၁၂-၂၀၁၈) ရက်နေ့အထိ ပုဂံမြို့သို့ လာရောက်ရိုက်ကူးခဲ့ခြင်း၊
လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)ဆောင်ရွက်မှုအခြေအနေ
၁။ မြန်မာနိုင်ငံတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် ဒေသခံပြည်သူများဖြင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ လက်ရှိအချိန်တွင် လူထု အခြေပြုခရီးသွားလုပ်ငန်း(၂၂)ခုနှင့် ကျေးရွာပေါင်း(၄၆)ရွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပြီး ဆက်လက်၍ လူထုအခြေပြုခရီးသွားလုပ်ငန်းနေရာ(၁၀)ခု၊ ရွာပေါင်း(၁၂)ရွာကို ဆောင် ရွက်လျှက်ရှိပါသည်။
Destination Management Organization(DMO) များ ဖွဲ့စည်းထားခြင်း
၁။ ခရီးစဉ်ဒေသများ ဖော်ထုတ်မြှင့်တင်နိုင်ရန်နှင့် ခရီးသွားထုတ်ကုန်များအား ထိထိရောက် ရောက် ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီများအောက်ရှိ ခရိုင်နှင့် မြို့နယ်များတွင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့အစည်း Destination Management Organization (DMO) များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ၃၁-၁-၂၀၂၁ ရက်နေ့အထိ ခရိုင်(၄၃)ခု နှင့် မြို့နယ် (၅ဝ) တို့တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခေတ်နှင့်လျော်ညီသော Digital နည်းပညာ အသုံးပြုမှုအခြေအနေ
၁။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခေတ်နှင့်လျော်ညီ သော Digital နည်းပညာကို အသုံးပြုပြီး ခရီးသွားစျေးကွက်တစ်ခုချင်းအတွက် လိုက်လျောညီထွေ ရှိသည့် ခရီးသွားဆွဲဆောင်မှုများကို Online Platform များမှ တဆင့် ခရီးသွားတစ်ဦးချင်းစီအထိ အသိပေးကြေငြာခြင်းနှင့် ဧည့်သည်များ၏ ခရီးသွားလာမှုဆိုင်ရာ အမူအကျင့်များကို Website၊ Social Media Insight များမှတဆင့်လေ့လာဆန်းစစ်ပြုစုခြင်းဖြင့် အနာဂတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဝန်ကြီး ဌာန၊ ပုဂ္ဂလိကပူးပေါင်းပါဝင်သော Digital Marketing Taskforce ကို ၈-၇-၂၀၁၈ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး လုပ်ငန်းများအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
(က) Website
❖ ဝန်ကြီးဌာန၏ Website ဖြစ်သော https://tourism.gov.mm ၁၀-၄-၂၀၁၉ ရက်နေ့တွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် လွှင့်တင်ခဲ့ပြီး ယခုအခါ ဘာသာစကား (၁၁) မျိုး ( မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်) ဖြင့် လည်းကောင်း၊ Tourism Web Portal ဖြစ်သော https:// tourisminmyanmar.com.mm ကို ၃၁-၇-၂၀၁၉ ရက်နေ့တွင် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် လွှင့်တင်ခဲ့ပြီး ယခုအခါ ဘာသာစကား (၁၀) မျိုး ( အင်္ဂလိပ်၊ ရုရှား၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်) ဖြင့် လည်းကောင်း အွန်လိုင်း၌ လွှင့်တင်ထားပြီးဖြစ်ပါသည်။
(ခ) Social Media Platforms
❖ Social Media Platforms များဖြစ်သော Facebook, Twitter, Instagram, LinkedIn, Pinterest နှင့် Youtube တို့တွင် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများကို ထိမိသော Post များ၊ Article များ၊ ဓါတ်ပုံများ နှင့် Video များဖြင့် အချိန်နှင့်တပြေးညီ လွှင့်တင်ကြော်ငြာ ပေးနေပါသည်။
(ဂ) QR Code စနစ်
❖ ခရီးသွားများအဆင်ပြေချောမွေ့စေရန် ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ ခရီးသွားဆိုင်ရာ အကြံပြုချက်များ၊ ဝန်ကြီးဌာန၏ ဘာသာ စကားမျိုးစုံဖြင့်လွှင့်တင်ထားသော Website များအပါအဝင် ခရီးသွားအထောက်အကူပြု သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရေးအတွက် QR Code စနစ်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဆောင်ရွက်ခဲ့ပါသည်။
(ဃ) Zoho Email Marketing
❖ Zoho Email Marketing ကို ၂၀၂၀ ခုနှစ်၊ ဧပြီလမှ စ၍ ဝန်ကြီးဌာန၏ website ဖြစ်သည့် tourisminmyanmar.com.mm နှင့် tourism.gov.mm သို့ ချိတ်ဆက်ထားသည့် ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုအကြောင်းအရာနှင့် ပတ်သက်သည့် Content (၃၆)ခု ဖန်တီးကာ Online နှင့် Offline ရှိ Contact Person အားပေးပို့ကာ Email Marketing ဆောင်ရွက်လျက်ရှိပါသည်။
(င) Myanmar Be Enchanted Mobile Application လွှင့်တင်ထားရှိမှုအခြေအနေ
❖ Myanmar Be Enchanted အမည်ရှိ Mobile Application ကို ၁-၇-၂၀၂၀ ရက်နေ့တွင် Android Version 1.0 ကိုလည်းကောင်း၊ ၁၅-၉-၂၀၂၀ ရက်နေ့တွင iOS Version 1.0 ကိုလည်းကောင်း လွှင့်တင်ခဲ့ပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။
*************************************************************