- ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်၊ ခရီးသွားလုပ်ငန်းဆောင်ရွက်သူနှင့် ခရီးသည်တို့၏အခွင့်အရေးကို ကာကွယ် ပေးရန်နှင့် ယင်းတို့၏ တာဝန်ဝတ္တရားများကို သိရှိလိုက်နာစေရန်၊ တာဝန်ယူမှုရှိသော ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး သဘာဝ အခြေခံခရီးသွားလုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူ ဖြစ်စေရန် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၁/၂၀၂၀)၏ သဘောတူညီချက်ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ၁၇-၁၁-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၂၀ ဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါသည်။