နေပြည်တော် မတ် ၃
(၂၇) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နေပြည်တော်မှ ပါဝင်တက်ရောက် သည်။
အစည်းအဝေး(ဒုတိယနေ့)တွင် အာဆီယံ ဘက်စုံပြန်လည်ထူထောင်ရေး မူဘောင်၌ အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) နှင့်ပတ်သက်သောကိစ္စရပ်များ အကောင် အထည်ဖော်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်ရန်အတွက် ရေးဆွဲချမှတ်ခဲ့သည့် ဟနွိုင်းရှေ့ လုပ်ငန်းစဉ်အောက်ရှိ အရေးကြီးကုန်စည်များအပေါ် အကောက်ခွန်မဟုတ်သော စီမံဆောင် ရွက်မှုများ ချမှတ်အကောင်အထည်ဖော်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၏ နောက်ဆက်တွဲ အရေးကြီးကုန်စည်များစာရင်းတွင် လယ်ယာထွက်ကုန်နှင့် စားသောက် ကုန်စည်များ ထပ်မံ ထည့်သွင်းရေးကိစ္စ၊ ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်တွင် အာဆီယံအနေဖြင့် ပိုမိုပူးပေါင်းပါဝင် နိုင်ရေးကိစ္စနှင့် ဒေသတွင်း ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် အာဏာသက် ဝင်ရေးအတွက် နိုင်ငံအလိုက်ဆောင်ရွက်မှုများကို ဆွေးနွေးသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အာဆီယံဘက်စုံပြန်လည် ထူထောင်ရေး မူဘောင်ကို အကောင်အထည်ဖော်ရာတွင် စောင့်ကြည့်စစ်ဆေးရန်အတွက် အထောက်အကူ ပြုအဖွဲ့ ထူထောင်ခြင်းမှာ လိုအပ်သည့်ကိစ္စဖြစ်သည့်အတွက် အပြည့်အဝ ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသတွင်းဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် အာဏာသက်ဝင်ရေးအတွက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများကို စောနိုင်သမျှပြီးစီး အောင် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။
အစည်းအဝေး၌ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Dato Dr. Amin Liew Abdullah က သဘာပတိအဖြစ် ဆောင်ရွက် ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှစီးပွားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိ များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက် ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)