Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၃ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ဦးစီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ၏ ဖေဖော်ဝါရီ (၈) ရက်တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြား သည့် မိန့်ခွန်းပါ အချက်အလက်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅)ရပ်အား ထပ်ဆင့်ရှင်းလင်းသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင် ရာဦးစီးဌာနအသီးသီး မှ ညွှန်ကြားရေးမှူး ချုပ်များနှင့်တကွ တာဝန်ရှိသူများ အနေဖြင့် လုပ်ငန်းများအောင်မြင်စေ ရေးအတွက် ဦးဆောင်မှုများ ပေးအပ်ခြင်း၊ စည်းလုံး ညီညွတ်စွာဖြင့် ဆောင်ရွက်ခြင်းများ ပြုလုပ်စေလိုပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းသဘော သဘာဝအရ (၂၄)နာရီ အချိန်ပြည့်တာဝန်ထမ်းဆောင်ရသူများ ဖြစ်သည့် အတွက် ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် ပတ်သက်၍ ဝန်ထမ်းအိမ်ရာများအပါအဝင် ဆောင်ရွက်ရန်ရှိ သည့်ကိစ္စရပ်များကို ဝန်ကြီးဌာနအနေဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ဘွဲ့လွန် ရရှိသူများကိုလည်း သက်ဆိုင်ရာဘွဲ့အလိုက် ဘွဲ့လွန်ကြေးအဖြစ် သတ်မှတ် ချီးမြှင့်ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်လိုအပ် သကဲ့သို့ ဆရာဝန်များ၊ သူနာပြုဆရာမများ အနေဖြင့်လည်း ဆရာ ဝန်ကျင့်ဝတ်၊ သူနာပြုကျင့်ဝတ်များ နှင့်အညီ ပြည်သူများကို အဓိကထား၍ ကျန်းမာရေး စောင့် ရှောက်မှုများ ပေးအပ်ရသည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက် မှု လုပ်ငန်းများကို ထိခိုက်နစ်နာမှု မဖြစ်စေရန် အထူးအလေးထား ဆောင်ရွက် သင့်ပါကြောင်း၊ ဆောက်လုပ်ရေးနှင့် ဆေးဝါးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေး ကိစ္စ ရပ်များအတွက် ဘဏ္ဍာ ငွေအလုံ အလောက် သတ်မှတ်ချထားပေးပြီးဖြစ်၍ လုပ်ငန်းများ အောင်မြင်စေရေး စနစ်တကျ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက် စေလိုပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ တွင် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ တိကျစွာလိုက်နာသုံးစွဲ ရန် လိုအပ်ပါ ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာပိုလျှံ‌ငွေ များရှိပါကလည်း အချိန်မီ ခေါင်းစဉ်ပြောင်းသုံးစွဲနိုင်ရေး အတွက် စည်းမျဉ်းစည်းကမ်း နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ နိုင်ငံဝန်ထမ်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက် စေနိုင်သော သတင်းများကို ပြင်ပသို့ ပေါက်ကြားမှုမရှိအောင် အထူးသတိပြု ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ဦးစား ပေးလုပ်ငန်းများဖြစ်သော ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ညွှန်ကြား ချက်များကို တိကျစွာလိုက်နာစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန် အဟုန်မပျက် ဆက်လက်ဆောင်ရွက် နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ အဆိုပါ လုပ်ငန်းများအနက် ကာကွယ်ဆေးထိုးလုပ်ငန်းများကို မတ်လနှင့် ဧပြီလ များတွင် မူလလျာထား သတ်မှတ်ချက်အတိုင်း ဆက်လက်ထိုးနှံသွားမည်ဖြစ်ပါကြောင်း၊ ယခုလအတွင်းတွင် နိုင်ငံ့ဝန်ထမ်းများကို ထိုးနှံပေးလျက်ရှိပြီး ဆက်လက်၍ ပုဂ္ဂလိကကဏ္ဍ ကျန်းမာရေးဝန်ထမ်းများ၊ ဘာသာပေါင်းစုံမှ သာသနာရေး ဆိုင်ရာပုဂ္ဂိုလ်များစသည်ဖြင့် အဆင့်ဆင့်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ဆေးရရှိမှုအပေါ်မူတည်၍ ရှေးဦးစွာ Stay at Home မြို့နယ်များမှ အသက်(၆၅)နှစ်အထက် ပုဂ္ဂိုလ်များ၊ ဆက်လက်၍ ကျန်မြို့နယ်များမှ အသက် (၆၅)နှစ်အထက် ပုဂ္ဂိုလ်များ စသည်ဖြင့် အဆင့်ဆင့် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါ ကြောင်း၊ ကုသရေးဦးစီးဌာနရှိ ဆေးရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးအတွက် လိုအပ် သော ဆေးဝါးနှင့်‌ ဆေးပစ္စည်းများ စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ဝယ်ယူရန် လည်း ဘဏ္ဍာငွေ အလုံအလောက်ရှိပါ ကြောင်း၊ ဆေးရုံအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ ဓါတ်ခွဲ/ဓါတ်မှန်များအဆင့်မြှင့်တင်ခြင်း၊ အထူးကြပ်မတ် ကုသဆောင်(ICU)များ ထပ်မံတိုးချဲ့ ဖွင့်လှစ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင် ရွက်မည်ဖြစ်ပါကြောင်း။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအနေဖြင့် ဘွဲ့ကြို/ဘွဲ့လွန်စာမေးပွဲများ ကို လတ်တလောအနေဖြင့် ဆိုင်းငံ့ထားရသော်လည်း ဘွဲ့ကြို/ဘွဲ့လွန်ကျောင်းသား/ ကျောင်းသူများ၏ ဘဝရည်မှန်းချက်ပန်းတိုင် ဖြစ်သည့် သက်ဆိုင်ရာဘွဲ့နှင့်ဘွဲ့လွန်များ ရရှိစေ ရေး အချိန်အခါသင့်သည် နှင့် တစ်ပြိုင်နက်တည်း ဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ကာကွယ်ဆေး များနှင့်ပတ်သက်၍ စိစစ် ဆောင်ရွက်ပေးမှုများကို ကျေးဇူးတင်ပါကြောင်း၊ ကုန်စည်စီး ဆင်းမှုမြန်ဆန်ချော့မွေ့စေရေးအတွက် ဦးစီး ဌာနအနေဖြင့် စစ်ဆေးခွင့်ပြုရန်ရှိသည့် အစားအသောက်နှင့် ဆေးဝါးများကို အချိန်နှင့်တပြေးညီ ဆောင်ရွက် ပေးစေလိုပါကြောင်း။ ဆေးသုတေသနဦးစီးဌာနအနေဖြင့် ကျန်းမာရေးလုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးတွင် အထောက် အကူဖြစ်စေမည့် သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် စေလိုပါကြောင်း၊ လတ်တလော ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်ရောဂါပိုးရှိ/မရှိ ဓါတ်ခွဲ အတည်ပြုခြင်းလုပ်ငန်းများကိုလည်း အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် တိုင်းရင်းဆေးမှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်သက်တမ်းတိုးခြင်းစသည့် ဦးစီးဌာန၏လုပ်ငန်းများ ကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယ ပညာ ဦးစီးဌာနအနေဖြင့် အဆောက်အဦပြင်ပတွင် ဆောင်ရွက်သည့် (outdoor) အားကစား ပြိုင်ပွဲများကို ပြန်လည်ကျင်းပနိုင်ရေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မြန်မာ့သိုင်းအားကစား နည်းကို မိမိတို့နိုင်ငံ၏ အဓိကအားကစားနည်းအဖြစ် ဦးစားပေးမြှင့်တင်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဘောလုံး အားကစားနည်းနှင့်ပတ်သက်၍ ကွင်းဆင်းလေ့ကျင့်ခြင်းလုပ်ငန်း များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို ပြည်သူ့ ဆေးရုံများတွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မိမိတို့ဝန်ထမ်းများ တာဝန်ထမ်းဆောင်ချိန်တွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် စိတ်ချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရေး အတွက် အခက်အခဲ များရှိပါက တင်ပြပေးရန်ဖြစ်ပြီး အခက်အခဲများ ပေါ်ပေါက် လာပါကလည်း တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်)