Skip to main content

COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဖေဖေါ်ဝါရီ ၁၉ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့မှစ၍ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနများမှ အရာထမ်း များကို COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိသည်။ ယနေ့ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန (၆)ခုမှ အရာထမ်း (၄၅၇) ဦးအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးစီးကြောင်း သိရသည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနသည် အသက် (၆၅) နှစ်နှင့်အထက် ပြည်သူများအား COVID-19 ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မှော်ဘီမြို့နယ်တွင်(၁၇၁) ဦး၊ မင်္ဂလာဒုံ မြို့နယ် တွင် (၅၄၀) ဦး၊ မရမ်းကုန်းမြို့နယ်တွင် (၁၄) ဦးတို့အားCOVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်းသိရသည်။ သတင်းစဉ်