နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်း များအား သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တတိယအကြိမ် ဆွမ်းဆန် တော် လှူဒါန်း ပွဲကို ယနေ့ နံနက် ၉ နာရီ တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာ ဗျူဟာသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ပျဉ်းမနား မြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးအမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန် များနှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနား မြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာအကြီး အကဲများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာ တော်ကြီးများ ရွတ်ပွား သရဇ္ဈာယ်တော်မူ သည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ်ပရိတ် တရားတော်များကို နာယူ ကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဆရာတော်များ၏ ဆွမ်းဘောဇဉ်အတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်သန်လျက် ဝန်ကြီးဌာနက နေပြည်တော် အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များသို့ ဆွမ်းဆန်တော်များကို ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ၈၅၂ အိတ်၊ အောက်တိုဘာလတွင် ၉၁၄ အိတ် လှူဒါန်းခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဘုရားစေတီ ပုထိုးများအား ပြည်သူအများ ဖူးမြော် ကြည်ညိုခွင့်ရရှိနိုင်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ပရိယတ္တိ၊ ပဋိပတ္တိသာသနာတော် တိုးတက်ထွန်းကားစေရန်နှင့် ဗုဒ္ဓမြတ်စွာ သာသနာ တော်မြတ်ကြီး တည်တံ့ဝေစည်နိုင်စေရန်အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ဆည်းပူးအားထုတ်ရသော ကုသိုလ် ကောင်းမှုများကြောင့် ကိုဗစ်-၁၉ ကပ်ဘေးမှ ကင်းဝေးနိုင်ကြပြီး အေးချမ်းသာယာ နိုင်ပါစေကြောင်း လျှောက်ထားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော်ကြီးများအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာ ဇေယျုံကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက အနုမောဒနာတရားနာကြားကြသည်။
ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ရာ ပျဉ်းမနားမြို့နယ်ရှိ ဘုန်းတော် ကြီးကျောင်း ၁၀ ကျောင်း၊ သီလရှင်ကျောင်း ၄ ကျောင်းတို့တွင် သီတင်းသုံး နေထိုင်တော်မူ ကြသော ရဟန်း၊ သာမဏေ ၆၁၂ ပါး၊ သီလရှင် ၁၂၇ ပါး၊ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၇၃၉ ပါးတို့အား ဆွမ်းဆန်တော် ၁၁၃ အိတ်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဘုန်းတော် ကြီးကျောင်း ၆ ကျောင်း၊ သီလရှင်ကျောင်း ၃ ကျောင်းတို့တွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၄၁၃ ပါး၊ သီလရှင် ၂၅၅ ပါး၊ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၆၆၈ ပါးတို့အား ဆွမ်းဆန်တော် ၁၀၁ အိတ် လှူဒါန်းခဲ့သဖြင့် ယနေ့ ဆွမ်းဆန်တော် လှူဒါန်းပွဲ အခမ်းအနားတွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၄၀၇ ပါးတို့အား ဆွမ်းဆန်တော် ၂၁၄ အိတ် လှူဒါန်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)