Dec 24, 2021
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးဆိုင်ရာ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရှိ မင်္ဂလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
Dec 24, 2021
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ၂၀၂၁-၂၀၂၂ Mini Budget ၌ လုပ်သား (၄၂၄) ဦးကို စစ်ဆေးအကဲဖြတ်ရန် လျာထားချက်ပြည့်မီစေ ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၆၃) ရပ်ကွက်၊ စက်မှုလမ်းရှိ Arbourfield Assessment Center သို့ သွားရောက်ကြည့်ရှုသည်။
Dec 24, 2021
၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
Dec 24, 2021
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ရှရီ ဟူ၍ ဗော့ဒ်ဟန် ရှရင်ဂလာ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့နံနက်၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ရုံးအမှတ်(၄၁)၌ လက်ခံ တွေ့ဆုံသည်။
Dec 24, 2021
နေပြည်တော် ဒီဇင်ဘာ ၂၃
Dec 23, 2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝေါမြို့နယ်ဦးစီးဌာနမှူးရုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲနှင့် ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက် အောင်မြင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
Dec 23, 2021
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် လာမည့် (၂၀၂၂)ခုနှစ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ဆေးတက္ကသိုလ် (၁) စာကြည့်တိုက်ရှိ အစည်းအဝေးခန်းမမှတစ်ဆင့် Zoom Meeting ဖြင့် တက်ရောက်သည်။
Dec 23, 2021
“မြန်မာနိုင်ငံစာရင်း ကောင်စီအကြောင်းသိကောင်းစရာများ” ခေါင်းစဉ်ဖြင့် အသိ ပညာများဖြန့်ဝေသည့် ဆွေးနွေးပွဲ အမှတ်စဉ်(၁၀)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ COVID-19 ကာကွယ်ရေးစည်းမျဉ်းများ နှင့်အညီ Virtual စနစ်ဖြင့် ကျင်းပသည်။
Dec 23, 2021
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်း အဝေး (၁၈ /၂၀၂၁) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 23, 2021
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ စက်မှုဝန်ကြီး ဌာနမှ မိဘဂုဏ်ရည်ကုမ္ပဏီ၊ ရွှေစကားကုမ္ပဏီလီမိတက်၊ မြတ်မိဘကုမ္ပဏီ လီမိတက်၊ Leader One Co., Ltd. တို့သို့ ငှားရမ်းထားသည့် စက်ရုံများသို့ရောက်ရှိပြီး အဝတ်အထည်များ ချုပ်လုပ်နေသည့် လုပ်ငန်း စဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
Dec 23, 2021
ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ကျင်းပသည်။
Dec 23, 2021
Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြန်မာနိုင်ငံတွင် ဝယ်ယူထုတ်လုပ်ရန် သဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ Lotte Hotel ၌ ကျင်းပသည်။
Dec 23, 2021
(၁၁) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ကန်တော့ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကိုဗစ် - ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သတင်းမီဒီယာများဖြစ်သည့် CCTV သတင်း ဌာန၊ People’s Daily သတင်းဌာန၊ Guanming Daily သတင်းဌာနနှင့် Xinhua News Agency တို့မှ သတင်းထောက်များအား Online မှတစ်ဆင့် လက်ခံတွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် တည်ငြိမ်ရေးနှင့် လုံခြုံအေးချမ်းရေး အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်းသည့် မေးမြန်းချက်များကို ဖြေကြားကြသည်။

Dec 22, 2021
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ပြန်လည်သုံးသပ်ရေးအဖွဲ့၏ စတုတ္ထအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Dec 22, 2021
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက် ရှိသည့်အတွက် အဆိုပါတိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ဓာတ်အားပေးစက်ရုံ အသစ်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့် စက်စွမ်းရည် ကျဆင်းနေသည့် ဓာတ်အားပေးစက်ရုံများကို အဆင့်မြှင့်တင် ပြင်ဆင်ခြင်းတို့ကို စီမံဆောင်ရွက်လျက်ရှိသည်။
Dec 22, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac doses (၁) သန်းသည် ယနေ့နံနက် ၁၀ နာရီအတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ CZ 8083 လေကြောင်းလိုင်းဖြင့်ရောက်ရှိလာပြီး ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ကြ သည်။
Dec 22, 2021
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့် အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။