နေပြည်တော် ဒီဇင်ဘာ ၂၃
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ စက်မှုဝန်ကြီး ဌာနမှ မိဘဂုဏ်ရည်ကုမ္ပဏီ၊ ရွှေစကားကုမ္ပဏီလီမိတက်၊ မြတ်မိဘကုမ္ပဏီ လီမိတက်၊ Leader One Co., Ltd. တို့သို့ ငှားရမ်းထားသည့် စက်ရုံများသို့ရောက်ရှိပြီး အဝတ်အထည်များ ချုပ်လုပ်နေသည့် လုပ်ငန်း စဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစည် ပြည်ထောင်စုဝန်ကြီးက စက်ရုံငှားရမ်းသည့် ကုမ္ပဏီများအနေ ဖြင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် အထည် အလိပ်မူဝါဒ (National Textile Policy)ကို ပြဋ္ဌာန်းထုတ်ပြန်နိုင်ရေးအတွက် ရေးဆွဲလျက်ရှိ ကြောင်း၊ အထည်အလိပ်ကဏ္ဍသည် လုပ်သားအခြေပြုစက်မှု လုပ်ငန်းဖြစ်၍ ဖွံ့ဖြိုး တိုးတက် အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထည်အလိပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လျှင် ထုတ်လုပ်မှုကွင်းဆက် (Supply Chain)တလျှောက် ပါဝင်လုပ်ကိုင်သူများ အလုပ်အကိုင် အခွင့် အလမ်းရရှိ၍ လူနေမှုအဆင့်အတန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ စက်ရုံ ငှားရမ်း ကုမ္ပဏီများ အနေဖြင့်ရရှိသည့် အမြတ်အစွန်းမှ အချို့ကို ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေး လုပ်ငန်းများအတွက် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
အဆိုပါ အထည်ချုပ်စက်ရုံများတွင် ဝန်ထမ်း ( ၃၀၀၀ )ဦးခန့်ဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးဝတ်အထည်အမျိုးမျိုး၊ အနွေးဂျာကင်များ၊ ဘောင်းဘီ ရှည်များ ထုတ်လုပ်၍ ကိုရီးယား၊ ဂျပန်၊ ဥရောပ နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး အထည်ချုပ်လုပ်ငန်းကဏ္ဍ လက်ရှိ အခြေအနေ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံ မြို့နယ်ရှိ အမှတ်(၂၄) အကြီးစားစက်ရုံ သို့ ရောက်ရှိပြီး စက်ရုံရှိအရင်းအမြစ်များကို အကျိုးရှိ အောင် စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်း များကို စီမံချက်များချမှတ် ဆောင်ရွက်ရန်၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများတွင် အထောက်အကူ ပြုမည့် အရည်အသွေးမီ ဆိုလာပြားများ ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်ရန်၊ နိုင်ငံပိုင်မြေ၊ အဆောက်အဦ၊ စက်ပစ္စည်းများနှင့်ပတ်သက်သည့် ပုံသေပိုင်ပစ္စည်းများ စီမံခန့်ခွဲမှုစနစ် (Asset Management) ကို စနစ်တကျဆောင်ရွက်ရန်၊ လုပ်ငန်း တာဝန်များ ကို Business Plan များ ရေးဆွဲဆောင်ရွက်ရန်တို့ကို မှာကြားပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့် တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ သည်။
(သတင်းစဉ်)