Jan 10, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းဖြစ်သော Shan Yoma Cement Co.,Ltd ၏ တစ်နေ့လျှင် တန် (၁၀၀၀)ကျ စက်ရုံတည်ဆောက်ပြီး ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်းသို့သွားရောက်ကြည့်ရှုလေ့လာသည်။
Jan 10, 2022
မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ လက်ရှိဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အား လျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့အတွက် ခရိုင်အဆင့်လျှပ်စစ်မန်နေဂျာ/ လျှပ်စစ် အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 10, 2022
ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းသစ်များ၏ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ ဆောင်၌ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Jan 09, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦး Jang Phang နော်တောင်၊ ဦးရွှေကြိမ်း၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကြိုဆိုကြသည်။
Jan 09, 2022
ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ပြီးစီးသည့် မြို့နယ်အလိုက် မြို့(၁၃) မြို့ကို ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ယနေ့မွန်းလွဲ(၂) နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
Jan 09, 2022
စိုက်ပျိုးမွေးမြူရေး စနစ်ဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန် လိုအပ်သည့်နည်းတူ သက်ဆိုင်ရာဒေသ၏ ထူးခြားသော ဝိသေသလက္ခဏာများ ပါဝင်သည့် လယ်ယာစီးပွား အခြေခံသော စီးပွားရေးဇုံများ ပေါ်ထွန်းလာရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးလာစေရေး ကြိုးပမ်းကြစေလိုကြောင်း ဇန်နဝါရီ (၈)ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခေမရဌ် ဧည့်ရိပ်သာတွင် ပြည်နယ်နှင့် ခရိုင် အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
Jan 09, 2022
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇန်နဝါရီ (၇) ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ငွေရည်ပုလဲကုမ္ပဏီလိမိတက်၏ Crown ဘိလပ်မြေစက်ရုံသို့ ရောက်ရှိပြီး ဘိလပ်မြေထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
Jan 09, 2022
မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးမြို့၊ Pullman Mandalay Mingalar Hotel သဇင်ခန်းမ၌ ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 07, 2022
၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပသည်။
Jan 07, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် အသိပညာ ဖြန့်ဝေရေး (Knowledge Sharing Program-KSP) အစီအစဉ်အရ “ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့် စာရင်းများ (Non Budget)” ခေါင်းစဉ်ဖြင့် အသိပညာ များ ဖြန့်ဝေသည့် ဆွေးနွေးပွဲအမှတ်စဉ် (၁၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ ကျင်းပသည်။
Jan 06, 2022
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေး ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၁) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Jan 05, 2022
ရင်းနှီးမြှုပ်နှံသူများအတွက် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးမည့်အစီအစဉ် (DICA Online Solution - DOSo)ကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံ မှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။
Jan 05, 2022
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ဥက္ကလာပ မြို့နယ် ၆ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့် အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ခရိုင်အတွင်းရှိ ပုဂ္ဂလိကပိုင်နှင့် အစိုးရဌာနဆိုင်ရာပိုင် မရွှေ့မပြောင်းနိုင်သော မြေနှင့် အဆောက်အအုံများအပေါ် သတ်မှတ်သော ရာခိုင်နှုန်းဖြင့် ပစ္စည်းခွန်စည်းကြပ်ခြင်း လုပ်ငန်းဝန်ဆောင်မှုပေးနိုင်ရန် ရာပြတ်ဌာန၏ ခရိုင်ရုံးခွဲထားရှိဆောင်ရွက် နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jan 05, 2022
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Jan 04, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာနမှဦးဆောင်၍ အထောက်အကူပြု ဝန်ကြီးဌာနများဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲ၊ ရွှင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းခွဲ (သပြေကုန်း)၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
Jan 04, 2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပရာ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး တက်ရောက်၍ ဆုချီးမြှင့်သည်။
Jan 04, 2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင် ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(Sports Complex) ရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက်ကျင်းပသည်။ ပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီ ဒုဥက္ကဌ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့် ရှုအားပေးကြသည်။
Jan 04, 2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Jan 01, 2022
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒီဇင်ဘာ(၃၁) ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ဇေယျဝတီ သကြားစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံက လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
Dec 31, 2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ (၂၁)ရက်မှစ၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်အထိ အားကစားနည်း(၆)နည်းကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Sports Complex) ရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများတွင် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆက်လက် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဒုဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
