နေပြည်တော် ဇန်နဝါရီ ၆
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် အသိပညာ ဖြန့်ဝေရေး (Knowledge Sharing Program-KSP) အစီအစဉ်အရ “ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့် စာရင်းများ (Non Budget)” ခေါင်းစဉ်ဖြင့် အသိပညာ များ ဖြန့်ဝေသည့် ဆွေးနွေးပွဲအမှတ်စဉ် (၁၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ ကျင်းပသည်။
အလွန်အရေးပါ
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် က အစိုးရဌာနအဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစာရင်းသည် နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေ စွမ်းဆောင်နိုင်မှုကို ဖော်ပြပြီး ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံခြင်းနှင့် ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့အတွက် အလွန်အရေးပါကြောင်း၊ သို့ပါ၍ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုအားကောင်းစေရန် ခေတ်စနစ်နှင့်အညီ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းပြုပြင် ပြောင်းလဲမှုများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ အစိုးရစာရင်းတွင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ငွေကြေးကိစ္စရပ်များနှင့် ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်နေသော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစာရင်းများ (Non Budget) ဆိုင်ရာ ငွေကြေးကိစ္စရပ်များ ပါဝင်ကြောင်း၊ စာရင်းစစ်ရုံးဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၁၁ (ထ) အရ အစိုးရဌာနအဖွဲ့အစည်းများ၏ Non Budget နှင့်စပ်လျဉ်း၍ ဌာနတာဝန်ရှိသူများ၏ စနစ်တကျ ကြီးကြပ်မှု၊ ထိန်းချုပ်မှု၊ ကွပ်ကဲမှု ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ သို့ပါ၍ ယနေ့ဆွေးနွေးမည့် Non Budget ဆိုင်ရာ အချက် များကို အလေးအနက်ထား လေ့လာမှတ်သားပြီး သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးမေးမြန်း ခြင်းဖြင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်လည်အသုံးချစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်သင်းသင်းမော် က ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့်စာရင်းများ (Non Budget) နှင့် စပ်လျဉ်း၍ Non Budget en sodybui Non Budget ရေးဆွဲရန် လိုအပ်ရသည့် အကြောင်းရင်း၊ Non Budget တွင်ပါဝင်သော ငွေကြေးကိစ္စရပ်များ၊ Budget နှင့် Non Budget ခြားနားချက်၊ Non Budget ငွေစာရင်းခေါင်းစဉ်များ၊ ခွင့်ပြုမိန့်ရယူခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းထားခြင်း၊ စာရင်းထိန်းသိမ်းမှုနှင့် စာရင်းစစ်ဆေးမှုများ ခေါင်းစဉ်ဖြင့် အပိုင်းရှစ်ပိုင်းခွဲ၍ ရှင်းလင်းဆွေးနွေးသည်။
အသိပညာများဖလှယ်
ထို့နောက် ဆွေးနွေးမှုနှင့်ပတ်သက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများနှင့် တက်ရောက်လာသူများက သိလိုသည်များနှင့် လုပ်ငန်းခွင်အတွေ့အကြုံများကို ဆွေးနွေးမေးမြန်း၍ အသိပညာများဖလှယ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်