Skip to main content

Dec 29, 2023

အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဆွေးနွေးပွဲများ တက်ရောက်ခဲ့သူများ၏ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး အဆိုပါကျောင်းခန်းမ၌ မုံရွာမြို့ရှိ အမှတ် (၁) ၊ အမှတ် (၂) ၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းတို့မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် နိုင်ငံသားကတ်ပြားဆောင်ရွက်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်း ( One Stop Service) ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ၊ သာယာအေးကျေးရွာနှင့် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာတို့တွင် သမဝါယမလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၁) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

ဗဟိုအဆင့် (၂၀၂၂) ခုနှစ်၊ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ဆက်လက်ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ် (မကွေး) သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၄/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဒီဇင်ဘာ ၂၃ ရက်က မန္တလေးတိုင်းဒေသကြီး အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည့် ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) စာအုပ်ထုတ်ပေးရေးစခန်းများတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများမှ ဩဝါဒခံယူခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ကရင်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်လည်းကောင်း သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမများ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၁) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံနှင့် ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့နယ်ရှိ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 29, 2023

ဦးစီးဌာန၊ လုပ်ငန်းများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများကို ရေးဆွဲ၍ စနစ်တကျ အကောင်အထည်ဖော်သွားရန်လိုကြောင်း၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်သွားရန်နှင့် ဝင်ငွေတိုးတက်ရရှိရေးအတွက် ကုန်ချောလက်ကျန်များ လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 27, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနသို့ သွားရောက်၍ မူကြိုဆရာမများအတွက် သင်တန်းများဖွင့်လှစ် သင်ကြားပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 27, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်တိုက်ဖျက်ရေးဌာနခွဲ၏ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 27, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်းသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား Ultra Low Temperature Freezer ၁၀ လုံးတွင် အပူချိန်အနုတ် ၆၀ ဒီဂရီစင်တီဂရိတ်မှ အနုတ် ၉၀ ဒီဂရီစင်တီဂရိတ်အတွင်း ထားရှိသိုလှောင်ထားရှိမှု၊ ပုံမှန်ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပျက် သိုလှောင်ထားရှိမှု၊ ကာကွယ်ဆေးထိုး ဆက်စပ်ပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်မှ ကာကွယ်ဆေးများဝယ်ယူရန် ဘဏ္ဍာငွေအမြောက်အမြား စိုက်ထုတ်သုံးစွဲထားရသည့်အတွက် ကာကွယ်ဆေးများ ပျက်စီးဆုံးရှုံးမှုမရှိစေရန်၊ လေလွင့်မှုမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရန် ကာကွယ်ဆေးလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီတွက်ချက်၍ ဖြန့်ဖြူးပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် အပိုဆောင်းထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 27, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသတွင်း MSMEs များဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာများပံ့ပိုးပေးနိုင်ရေး၊ ပြည်သူများတစ်ဦးချင်းဝင်ငွေ မြင့်မားစေရေးအတွက် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးမှာကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းသားများအား ဂုဏ်ပြုလက်ဆောင်နှင့် စာအုပ်များပေးအပ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 27, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့ညနေပိုင်းတွင် မန္တလေးမြို့သို့ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ရှိ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်(မန္တလေး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ သင်ကြား/သင်ယူမှုများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 27, 2023

ပညာရေးဝန်ကြီးဌာန ဆရာ အတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အမျိုးသမီးဘော်လီဘောဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်ပြီး နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ယှဉ်ပြိုင်ကစားကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်