Skip to main content

Apr 07, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေကြသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 07, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး သံရည်ကျိုမီးဖို၊ စွန့်ပစ်အပူသုံးဘွိုင်လာ၊ ရေသန့်စင်အလုပ်ရုံ၊ အောက်ဆီဂျင်အလုပ်ရုံ၊ ဓာတ်အားခွဲရုံ၊ သံသတ္တုရိုင်းပြုပြင်ရေးအလုပ်ရုံ၊ ကျောက်မီးသွေးများ သိုလှောင်ထားရှိမှု၊ စက်ရုံမှ ထွက်ရှိသော သံစိမ်းများအား အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ ပို့ဆောင်နိုင်ရေးအတွက် မီးရထားလမ်းဖောက်လုပ်ထား ရှိမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စွမ်းအင်ကဏ္ဍလုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ခိုင်မာစေရန်ရည်ရွယ်၍ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၆) ရှိ ရတနာခန်းမ၌ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဖွင့်လှစ်ရန် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အစီအမံများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သီလဝါအထူးစီးပွားရေးဇုန် Promotion Zone ရှိ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် Yojin Myanmar Cement Co., Ltd ၏ ဘိလပ်မြေစက်ရုံသို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူက ထုတ်လုပ်ပြီး ဘိလပ်မြေများကို ပြည်တွင်းဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

ပြည်ပတွင် အလုပ်လုပ်ကိုင်မှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ “ကုမ္ပဏီများ လိုက်နာရမည့် စာရင်းများနှင့် မှတ်တမ်းများအကြောင်း သိကောင်းစရာ” အမှတ်စဉ် (၅၃) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း ဝါစက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကဲဖြတ်မှု Preliminary Geogra-phical and Topographical Survey (PGTS) & Environmental Impact Assessment (EIA) များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့်အစီအစဉ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

(၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး၊ (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘမ်မြို့ ၌ ဧပြီ ၃ ရက်မှ ၅ ရက်အထိ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်အရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးစီးဖွင့်လှစ်ခဲ့သည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၅/၂၀၂၄) နှင့် အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၄) တို့၏ သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမနှင့် ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့တွင် တစ်ပြိုင်တည်းကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက နေပြည်တော်၌ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 06, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ “အမြဲမပြတ် လေ့လာသင်ယူရေးလှုပ်ရှားမှု - ၂၀၂၄ (Never Stop Learning Campaign -2024)” “သူ့ကျွန်မခံပြီ ဂန္ထဝင်ဝတ္ထုကြီးအား လေ့လာဖတ်ရှုဆွေးနွေးပွဲ”ကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်ဆွေးနွေးပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 05, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးသို့ ရောက်ရှိစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 05, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန သင်္ကြန်ယိမ်းအဖွဲ့က ၁၃၈၅ ခုနှစ် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက် သင်္ကြန်တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမဏ္ဍပ်တို့တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲရန် ယနေ့နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယိမ်းလှပျိုဖြူများ ယိမ်းအက ကြိုတင်လေ့ကျင့်နေမှုကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 05, 2024

ပြည်ပသို့အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေးတက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံများပြန်လည်ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနှင့် ပညာတော်သင် ၀န်ထမ်းများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 05, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် China International Trust and Investment Corporation (CITIC) Group Myanmar Co.,Ltd. မှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 05, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် Polytechnic University များ ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်