မြန်အောင် မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက်(၉) နာရီက လဟာပေါက်ကျေးရွာအုပ်စု၊ တောင်သူ ဦးအုန်းလွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြိုနယ်ဦးစီးမှုး ဦးစိုးမြင့်အောင်က မြန်အောင်မြို့နယ် အတွင်း ၂၀၂၁-၂၀၂၂ နွေစပါး (၉၂၀၅)ဧက စိုက်ပျိုးပြီး နွေစပါးစံကွက် ရိတ်သိမ်းမှုနှင့် ထွက်ရှိသည့် နှုန်းထားများ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုးနှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် တောင်သူများ၊ ဌာနဆိုင်ရာအကြီးအကဲများက တောင်သူဦးအုန်းလွင်၏ ကွင်းအမှတ် ၂၃၇(က)၊ ဦးပိုင်အမှတ်(၇၉)တွင် ဆင်းသုခ နွေစပါးမျိုး စပါးစံကွက် ရိတ်သိမ်းမှုအား ကြည့်ရှုအားပေးခဲ့သည်။
ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသော နွေစပါး(၅)ဧကစိုက်ခင်းတွင် စံကွက်ရိတ်သိမ်းရာ တစ်ဧက ပျမ်းမျှစပါးအစိုအထွက်နှုန်း (၁၂၄.၉၆)၊ စပါးအခြောက် (၁၁၂.၉၆)တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်